ဆီးရီးယားတွင် ဓာတုလက်နက် မသုံးခဲ့ကြောင်း ရုရှားပြော
ဆီးရီးယားနိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ခိုက် မှုများအတွင်း ဓာတုလက်နက်များ အသုံးပြုခဲ့မှု အတွက် ခိုင်လုံသော အထောက်အထား မတွေ့ရှိ ရကြောင်း ရုရှားထိပ်တန်း အရာရှိတစ်ဦးက မတ် ၂ဝ ရက်၌ ထုတ်ဖော်ပြောကြားလိုက်သည်။
ဆီးရီးယားပြည်တွင်း၌ ဓာတုလက်နက်များ အသုံးပြု သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဓာတုလက်နက် သုံးစွဲ ခဲ့သည့် လက္ခဏာများ မတွေ့ရကြောင်း ရုရှားနိုင်ငံ
ခြားရေး ဒုတိယဝန်ကြီး ဂါတီယော့ဗ်က ပြောကြားသည်။
ခြားရေး ဒုတိယဝန်ကြီး ဂါတီယော့ဗ်က ပြောကြားသည်။
ဆီးရီးယားနိုင်ငံ အလီပိုပြည်နယ် တိုက်ခိုက်ရေးသမားများမှ မတ် ၁၈ ရက်က ပစ်ခတ်ခဲ့သော ဒုံးကျည်တစ် စင်းတွင် ဓာတုထိပ်ဖူး တပ်ဆင်ထားခဲ့ကြောင်း၊ ယင်းဓာတုထိပ်ဖူးတပ် ဒုံးကျည်သည် ခန်ခါအဆယ်မြို့ အတွင်းစစ်စခန်း တစ်ခုကို ထိမှန်ခဲ့ရာ ဆီးရီးယားတပ်ဖွဲ့ဝင် ၁ဝ ဦးနှင့် အရပ်သား ၂၁ ဦးတို့ သေဆုံး ခဲ့ရကြောင်း ဆီးရီးယား သံတမန်တစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
0 မှတ်ချက်များ for "ဆီးရီးယားတွင် ဓာတုလက်နက် မသုံးခဲ့ကြောင်း ရုရှားပြော"