ဆူပူအကြမ်းဖက် မှုကြောင့်လုံခြုံရေး အတွက် ဘင်္ဂလားေ ဒ့ရှ် ရှိ မြန်မာတွေ စိုးရိမ်နေ
ဘင်္ဂလားဒေ့ရှ်မှာ ဆူပူအကြမ်းဖက်မူတွေ ပေါ်ပေါက်
နေတဲ့အတွက် ဘင်္ဂလားဒရှ်ကို ရောက်ရှိနေကြတဲ့ မြန် မာနိုင်ငံသားတွေ အနေနဲ့ စားဝတ်နေရေးနဲ့ လုံခြုံ
ရေးအတွက်ပါ အထူး စိုးရိမ် နေရပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး UNHCR ရုံး က မြို့ပေါ် ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုထား တဲ့ရခိုင်၊ မြန်မာ၊ ချင်းစတဲ့ ဒုက္ခသည် ၃၀ဝ နီးပါးကို UNHCR ကနေ လုံခြုံရေးတာဝန်မယူတဲ့အတွက် လုံခြုံရေးကို စိုးရိမ်နေရတယ်လို့ အဘီအက်စ်ဒီအက်ဖ်
ရခိုင်ကျောင်းသား ဥက္ကဌဟောင်း ကိုခိုင်ဆန်းအောင် က ပြောပါတယ်။
သူတို့ကို မြို့ပေါ်မှာ လွတ်လပ်စွာနေထိုင်ခွင့် ပြုထားပေမယ့်လည်း စာဝတ်နေရေးအတွက် ကိုယ့်ဘာသာ ရုန်းကန်နေရတာဖြစ်လို့ အခုလို လုံခြုံရေးအရ စိုးရိမ်နေရတဲ့အချိန်မှာ အခက်အခဲတွေ များလာနေတယ် လို့ ဦးခိုင်အောင်က ပြောပါတယ်။
ဒီဒုက္ခသည်တွေဟာ မြန်မာပြည် ပြန်မယ်ဆိုရင်လည်း UNHCR အစောင့်အရှောက်နဲ့ ရှိနေတဲ့တွက် မြန်မာ အစိုးရနဲ့ UNHCR အကြား သဘောတူညီမူရမှ ပြန်နိုင်ကြမှာ ဖြစ်သလို၊ တတိယ နိုင်ငံတစ်ခုခုမှာ အခြေ ချခွင့် ကျပြန် တော့လည်း ဘင်္ဂလားအစိုးရက ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ (ဘီဘီစီ)

0 မှတ်ချက်များ for "ဆူပူအကြမ်းဖက် မှုကြောင့်လုံခြုံရေး အတွက် ဘင်္ဂလားေ ဒ့ရှ် ရှိ မြန်မာတွေ စိုးရိမ်နေ"