ထိုင်းနိုင်ငံ တွင် မြန်မာ အချင်း ချင်း ပြန်ပေးဆွဲ

ထိုင်းနိုင်ငံ မြောက်ပိုင်း နခွန်စဝမ်မို့မှာ မြန်မာ အချင်း ချင်း ပြန်ပေးဆွဲခံရတဲ့မိန်းကလေးငယ်၂ ဦးကို ထိုင်း ရဲတွက ကယ်ထုတ်နိုင်ခဲ့တယ်လိုထိုင်းသတင်းဌာန မှာ ဖော်ပြသွားပါတယ်။ 

သူတို၂ ဦးကို ဘတ်ငွေသိန်း၂ သောင်းနဲလာရွေး ဖို့ ခြိမ်းခြောက်ထားကြာင်း ဘန်ကောက်ခရိုင်  ခလောင်းတမြို့က ကုန်စိမ်းဈေးမှာဈးရောင်းန တဲ့ မန်မာအမျိုးသမီး မဝင်းဝင်းသူက ခလောင်းတေရဲစခန်းမှာ လာရောက်တိုင်တန်းတဲ့အတွက် တရားခံကို
ထောင်ချောက်ဆင်ဖမ်းခဲ့တာလို့ ထိုင်းနိုင်ငံဘန်ကောက်က လူကုန်ကူးမှု တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ ညွန်ကားရးမှူး ဗိုလ်မှူးချွန်းလစ် ဆဝိုင်ဖစ်က သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောခဲ့ပါတယ်။
 
အသက် ၁၆ နှစ်နဲ့  ၁၇နှစ်အရွယ် မိန်းကလေး ၂ ဦးဟာ မဝင်းဝင်းသူဆီမှာ အလုပ်လုပ်နေရာက ဇန်နဝါရီ လ ၁၆ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့ပြီးနောက် သူတို့ ၂ ဦးကို ငွေနဲ့ပြန်ရွေးဖို့ စာရောက်လာတယ်လို့ ဆိုပါ တယ်။ 

မိန်းကေလးတွေကို ပြန်ရွေးဖို့ ခလောင်းတေက ကုန်တိုက်တခုကို ချိန်းဆိုလိုက်ပြီး မဝင်းဝင်းသူနဲအတူ အရပ်ဝတ်ရဲတွေ လိုက်သွားခဲ့တယ်လို့ ဗိုလ်မှူးချွန်းလစ်ဆဝိုင်ဖစ်ကပြောပါတယ်။ 

အဲဒီမှာ မြန်မာလူမျိုးလင် မယား ၂ ဦးဖြစ်တဲ့ မောင်ဟလာအောင် (အသက် ၃၅ နှစ်) နဲ့ မမိုးသီတာ (အသက် ၃၃ နှစ်)တို့နဲ့အတူ ခိမ်းခြောက်ဖို့ခေါ်လာတဲ့ ရဲအတုအေယာင် ထိုင်းလူမျိုး နိုင်းဆစ်တိဖုန်းကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
 
တရားခံတွေကို စစ်ဆေးရာမှပြန်ပေးဆွဲတာမဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး မဝင်းဝင်းသူဆီက အကြွေးဘတ် ၅ သောင်း ရစရာရှိတာ မနှစ်ကတည်းက အခုထိ ပြန်မဆပ်သေးတဲ့အတွက် မကျေနပ်လို့ အခုလိုလုပ်တာ
ဖြစ်ကြောင်း၊ မိန်းကလေး ၂ ဦးကိုလည်း ချုပ်နှောင်ရိုက်နှက်တာ မျိုးမလုပ်ဘဲ ခွန်စဝမ်က ခေါက်ဆွဲဆိုင်
တခုမှာ အလုပ်သွင်းပေးထားကြောင်းထွက် ဆိုခဲ့ပါတယ်။ 


ရဲစခန်းကတော့ သူတို့ ၂ ဦးကို ဆက်လက်အရေးယူသွားမှာဖြစ်ပြီး မိန်းကေလး ၂ ဦးကိုတော့ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနဲ့ မနုဿလုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံ ကယ်ဆယ်ရေးဌာနကို ပို့ဆာင်ထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
http://burmese.dvb.no/archives/37073

0 မှတ်ချက်များ for "ထိုင်းနိုင်ငံ တွင် မြန်မာ အချင်း ချင်း ပြန်ပေးဆွဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++