ကွန်ပြူတာဖွင့် စဉ် နှေးနေတာကို မြန်အောင် လုပ်နည်း

ကွန်ပျူတာစဖွင့်တာနှေးနေရင် စောင့်ရတာ ပျင်း စရာကောင်းသလိုအချိန်မရတဲ့သူတွေ
အတွက်တော့ ဒီနည်းလေးက အဆင်ပြေနိုင်မယ် ထင်ပါတယ်အခြေခံသမားလေးတွေသိ ထားသင့် တယ် ထင်လို့ ပြန်လည်မျှဝေ လိုက်ပါတယ်။

လုပ်နည်းလေးက.......။

(၁) Window+R ကနေ Runbox ခေါ်လိုက်ပါ

(၂)Runbox ထဲမှာ msconfig လို့ ရိုက်ပြီး Enter နှိပ်ပါ
(၃)Start up ထဲမှာမလိုအပ်တာတွေဖြုတ်ပါ Apply လုပ်ပြီး Ok နှိပ်ပါ။ ပြီးရင်မူရင်းလင့်ကတော့ ဒီမှာဖတ်လိုက် http://www.pcworld.com လေ့လာကြည့်လိုက်ပါ။
အရေးကြီးတာတွေ မပိတ်သင့်ပါ။ သိချင်ရင်ဒီမှာ ဖတ်ကြည့်နော် Disable မပေးလိုက်နဲ့  လုပ်ပုံလေးက လွယ် သလို အကျိုးကျေးဇူးလည်းများလှပါတယ်။ ကွန်ပျူတာစဖွင့်ရင်ချက် ချင်းသုံးမရလို့ စောင့်ရတဲ့ ၀ဋ်ကနေ ကျွတ်တာပ (မြန်လာလိမ့်မယ်)တဲ့လို့ ရေးတာကသူများရေးတာဖတ်လိုက်ရလို့ ပါ။ ဒီနေရာမှာ Disable all ပေးပြီးလုပ်ရင်ပိုမြန်တာတွေ့ ရပါတယ်။ ရေးတဲ့သူတွေလည်းရေးနေကြပါတယ် အနှီအကြောင်းရာကို
ကျုပ်အနေနဲ့ ပြော ရရင် Disable all မလုပ်သင့်ပါဘူး။  Startup မှာအရေးကြီးတဲ့Program တွေနဲ့ အမြဲ
တမ်းAuto Loading ဖြစ်နေသင့်တာတွေရှိပါတယ်။ 

ဥပမာ Anti Virus ဆော့ဝဲဟာ ကွန်ပျူတာဖွင့်တာနဲ့ ဝင်းဒိုးစတက်တာနဲ့ Runနေသင့်ပါတယ်။ အဲ့လိုပေါ့ဗျာအရေးမကြီး တဲ့ဟာတွေ၇ှိပါတယ်။ Startup ထဲမှာဖတ်ကြည့်လိုက် အတိုပြောရရင် Adobe,Real
player,Cyber link,Nero,yahoo massager,google talk,Power DVD,VZO ဘာညာသရကာနေ ကြာကွာစိ
တွေပေါ့ဗျာ အများကြီး၇ှိပါသေးတယ်။ တစ်ခုနဲ့ တခုမတူ နိုင်လို့ ရေးမပြတော့ဘူး အခုရေးပြတာတွေ ကတော့ သေချာတယ်မျက်စိမှိတ်ပြီးဖြုတ်လိုက်။ ကွန်ပျူတာဘာမှမဖြစ်စေရဘူး စောစောကထက်တော့
မြန်လာမှသေချာ တယ်ကွန်ပျူတာဖွင့်တာနဲ့ အဲ့ Program တွေကို loading မစောင့်ရတော့ဘူးလေ။ ပြီး
တော့ဆော့ဝဲ တစ်ခုအင်စတောလုပ်တိုင်း Startup ထဲဝင်လာတတ်ပါတယ်။ (ဆော့ဝဲ တိုင်းမဆို လိုဘူးနော်) အဲ့လိုဝင်လာရင် ၀င်ဒိုးတက်တဲ့အခါ အဲ့ဒါတွေLoading လုပ်နေ ရတာနဲ့ စောင့်နေရလို့ ကြာတာပါ။ ဒီတစ်ခါတော့တဲ့လိုမရေးတော့ဘူးကျုပ်အမြင်မလို့  လေဗျာခင်များတို့ လည်းမသိရင်မေးပေါ့။ ကျုပ်မသိတော့လည်းကျုပ်ဆရာတွေ၇ှိပါတယ်။ ဘာပဲဖြစ်ဖြစ်ကလိပေါ့ဗျာတတ်ပါတယ်။ နာက်ဆိုအသေးမွှားလေးတွေကအစ ပညာ၇ှင်ကြီးဖြစ်လာနိုင်ပါတယ်ဗျာ။ .ကဲနှေးနေတဲ့သူများကလိကြည့်ပါ Disable all တော့မပေးနဲ့ နော်.မြန်လွန်းလို့ ဝင်းဒိုးပါကျသွားမယ်.........။
 
ဝါသနာတူသူငယ်ချင်းများအားလုံးအဆင်ပြေပါစေဗျာ.. ကွန်ပျူတာကို Restart ပြန်လုပ်ပြီးမှာ သုံးပါအဲ့ဆိုမြန်လာလိမ့်မယ်တဲ့...........။ မူရင်း..မောင် (စွယ်စုံကျမ်း) မှ ပြန်လည်မျှဝေ သည်..

0 မှတ်ချက်များ for "ကွန်ပြူတာဖွင့် စဉ် နှေးနေတာကို မြန်အောင် လုပ်နည်း "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++