ခြေစစ်ပွဲအောင်မြင်တဲ့ မြန်မာအသင်းကို မြန်မာေ ဘာလုံးအဖွဲ့ချုပ်က ဂုဏ်ပြုဆုကြေး ကျပ်သိန်း ၅၀၀ ချီးမြင့်မည်
AFC Challenge Cup ခြေစစ် ပွဲအောင် မြန်မာ အသင်းသားများအား အားကစား ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင်အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော်တို့က ဂုဏ်ပြု ဆုကြေးငွေ ကျပ်သိန်း(၅၀၀) ချီးမြှင့်မည် ဖြစ်ကြောင်း အဖွဲ့ချုပ် ၀က်ဆိုဒ်မှ သတင်းထုတ်ပြန်လိုက်သည်။
“တိုင်းပြည် ဂုဏ်သိက္ခာ အတွက် ရေကုန်ရေခမ်း ကြိုးစား ခဲ့ကြတဲ့ ကစားသမား တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုကြေးငွေ ချီးမြှင့် ကြတာပါ။ ဒီနေ့ ကွင်းထဲ ကို လာရောက် အားပေးကြတဲ့ ပရိသတ်ကြီးကိုရော ရုပ်မြင် သံကြား ကနေ အားပေး နေကြတဲ့ တစ်နိုင်ငံ လုံးက ပရိသတ်တွေ ကိုရော အရမ်းပဲ ကျေးဇူးတင် မိပါတယ်။ ဒါ့အပြင် ဒီလက်ရွေးစင် အသင်း အတွက် ကစားသမားတွေ မွေးထုတ် ပေးနေ တဲ့ MNL ကလပ် အသင်း ပိုင်ရှင် အားလုံး ကိုလည်း ဒီနေရာ ကနေ ကျေးဇူးတင်ကြောင်း ပြောလို ပါတယ်။ ဒီနေ့နိုင်ပွဲဟာ ထိုက်တန် တဲ့နိုင်ပွဲ တစ်ခု ဖြစ်ပြီး အဲဒီ အတွက် ပါဝင်ကူညီ ဆောင်ရွက်ပေး ခဲ့သူ အားလုံးကို ကျေးဇူးတင် ပါတယ်” ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပွဲ အပြီးတွင် ဂုဏ်ပြု ပြောကြား သွားခဲ့ကြောင်း သိရသည်။
မြန်မာအသင်းမှာ ၂၀၁၄ တွင် မ်ာလ်ဒိုက်စ် ၌ ကျင်းပမည့် ဖိုင်နယ်ပွဲ စဉ် များသို့ တက်ရောက် ကစားခွင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။

0 မှတ်ချက်များ for "ခြေစစ်ပွဲအောင်မြင်တဲ့ မြန်မာအသင်းကို မြန်မာေ ဘာလုံးအဖွဲ့ချုပ်က ဂုဏ်ပြုဆုကြေး ကျပ်သိန်း ၅၀၀ ချီးမြင့်မည်"