မြောက်ကိုးရီယားကို ပိတ်ဆို့ အရေးယူရန် အမေရိကန်နှင့် တရုတ် သဘောတူ
အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည်
မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးအကြိမ် ပြုလုပ် ခဲ့သော နျူကလီးယားစမ်းသပ်မှုနှင့်စပ်လျဉ်း၍ အရေး ယူပိတ်ဆို့မှု ဆုံးဖြတ်ချက်မူကြမ်းသစ် တစ်ရပ်ကို ပြ ဋ္ဌာန်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း ကုလသမဂ္ဂ သံတမန်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြောက်ကို ရီးယား နိုင်ငံအရေးနှင့် နျူကလီးယားလက်နက်မပြန့် ပွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မတ် ၅ ရက် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် မူကြမ်း တစ်ရပ်ကို ချမှတ်နိုင်ရေး လုပ်ဆောင်ရန် အမေရိ ကန် ပြည်ထောင်စု အနေဖြင့် မျှော်မှန်း ထားကြောင်း အမည်မဖော်လိုသူ သံတမန်များက ပြောကြားခဲ့ သည်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများသည် မြောက်ကိုရီးယား နိုင်ငံအား အပြစ်ပေးနိုင်မည့် ဥပဒေ မူကြမ်း တစ်ရပ်ကို ချမှတ်နိုင်ရေး မျှော်မှန်းထားကြောင်း သိရသည်။
လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးသည် ဖေဖော်ဝါရီ ၁၂ ရက်က မြောက်ကိုရီးယား နိုင်ငံ၏ နျူက လီးယား စမ်းသပ်မှု အပေါ် နောက်ထပ် အရေးယူ ဆောင်ရွက်မှု တစ်ရပ် ကို ချမှတ်ရန်သဘောတူ ထောက် ခံခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ၏တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခြင်းအား ပြစ်တင်
ဝေဖန်ထားသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အရေးယူ ဆောင်ရွက်မှု ပြုလုပ်ရန် တညီတညွတ်တည်း ထောက်ခံမှု သည် မြောက်ကိုရီးယား နိုင်ငံအပေါ် စတုတ္ထ အကြိမ်မြောက် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် အတွက် အဆင့် တစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ရက်သတ္တ သုံးပတ်ခန့်က ဂျပန်နှင့် တောင်ကိုရီးယား တို့၏ မဟာမိတ် အမေရိကန် နိုင်ငံက အရေးယူ ဆောင်ရွက်မှု ဆုံးဖြတ်ချက် အသစ် ချမှတ်ရေးနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

0 မှတ်ချက်များ for "မြောက်ကိုးရီယားကို ပိတ်ဆို့ အရေးယူရန် အမေရိကန်နှင့် တရုတ် သဘောတူ"