အကုန်ကျ ခံစရာမလိုဘဲ ဝက်ခြံအမာရွတ် ပျောက်အောင် ကုသ




ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု ဝက်ခြံ ပေါက် တဲ့အခါ ဝက်ခြံ ပျောက်သွားရင်တောင် အစက် အပြောက်တွေ ထင်ကျန် ရစ်တတ် ပါတယ်။ တစေးဟာ ဘက်တီးရီးယား ပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီး အရည်က အမည်းစက်နဲ့ အပြစ်အနာ အဆာ တွေကို သက်သာ စေပါတယ်။

ပါဝင်ပစ္စည်းများ
-ဘီယာချက်ရာတွင် သုံးတဲ့တစေး
-လီမွန်သီး အရည်၊
-ရေ

ပြုလုပ်နည်း
-ဘီယာချက်တဲ့ အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီး အရည် တစ်စက်၊ ရေသင့်တင့်ရုံ ပမာဏနဲ့ ရောလိုက်ပါ။ ဝက်ခြံနဲ့ အပြစ်အနာ အဆာ တွေပေါ် လိမ်းပြီး ၁၀ မိနစ် လောက်ထားပါ။

ပင်စိမ်းရွက် တိုနာ
ဒီနည်းဟာ ဝက်ခြံ ပေါက်လွယ်တဲ့ အရေပြား အတွက် အထူး သင့်တော်ပါတယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ် အာနိ သင်ရှိပြီး ဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီသို့ သွေးလှည့် ပတ်မှုကို ကောင်းမွန် စေပါတယ်။

ပါဝင်ပစ္စည်းများ
-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊
-ရေနွေးတစ်ခွက်၊

ပြုလုပ်နည်း

-ခြောက်သွေ့တဲ့ ပင်စိမ်းရွက် တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေး တစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင် ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက်ဖျန်းပေးပါ။ မျက်နှာ သန့်စင်ပြီးတိုင်း မျက်နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။

( အစဉ်ပြေ ပျောက်ကင်းပါစေဗျာ )

0 မှတ်ချက်များ for "အကုန်ကျ ခံစရာမလိုဘဲ ဝက်ခြံအမာရွတ် ပျောက်အောင် ကုသ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++