အေအိုင်အေနှင့် ဗမာအစိုးရ (၁၅)ကြိမ်မြောက်ေ ဆွးနွေးပွဲ ရွှေလီ မှာ ပြုလုပ်မည်

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေနှင့် ဗမာ အစိုးတို့ဟာ လာမည့်မတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ထမ်မံတွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

ဒီတစ်ခေါက် တွေ့ဆုံဆွေးနွေးမှုမှာ အစိုးရဘက် က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ဖို့  ရှိကြောင်း သမ္မတရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

လာမည့် ဆွေးနွေးပွဲကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ထွန်း ထွန်းနောင်နဲ့ ကချင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးသန်းအောင်တို့လည်း တက်ရောက် မှာဖြစ်တယ်လို့ သိရပါတယ်။ 

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေနှင့် ဗမာအစိုးရတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကလည်း
ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှု ၁၄ ကြိမ်တိုင်တိုင်ရှိခဲ့သော်လည်း  နှစ်ဖက် တပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေပါတယ်။

0 မှတ်ချက်များ for "အေအိုင်အေနှင့် ဗမာအစိုးရ (၁၅)ကြိမ်မြောက်ေ ဆွးနွေးပွဲ ရွှေလီ မှာ ပြုလုပ်မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++