အင်တာနက်မှ ဖုန်းတွေသို့ အခမဲ့ SMS message ပို့နည်း

အွန်လိုင်းကနေ အခမဲ့ မတ်စ်ဆေ့ခ်ျ ပို့ လို့ရတဲ့ ဆိုဒ်လေးတစ်ခုတွေ့လို့ ပြန်လည်မျှဝေပါတယ်။ တကယ်လဲပို့လို့ရပါတယ်။ အောက်က ဆိုဒ်ကလေးမှာ သင်စမ်းကြည့်လိုက်ပါ။

http://freemasti.me/sms.php (သို့)http://www.dailysms.in/index.php?on=sms
ပို့ပုံ ပို့နည်းလေး အောက်မှာကြည့်ပါ။


(၁) Select country: မှာ ကိုယ်ပို့ချင်တဲ့နိုင်ငံကိုရွေးလိုက်ပါ ၊ နိုင်ငံရွေးပြီးတဲ့အခါ အောက် ကအကွက်မှာ country code ဖြည့်ပြီးသားဖြစ်သွားမယ် ၊ ဥပမာ.. ထိုင်း ဆို+66 ၊ မြန်မာဆို +95 စသည်ဖြင့်ပေါ့။


ဖုန်းနံပါတ်ကို ဆက်ဖြည့်လိုက်ပါ၊ Local အချင်းချင်းပဲ ဖြစ်ဖြစ် ၊ နိုင်ငံတကာကို ဖုန်းခေါ်သလိုပဲ ဖြည့်ရ မှာဖြစ်တဲ့အတွက် ရှေ့ဆုံးက “0” သုညကို ချန်ထားခဲ့ရမှာဖြစ်ပါတယ်။ 


ဥပမာ.ထိုင်းက သူငယ်ချင်းတစ်ယောက်ကို message ပို့မယ်ဆိုပါစို့ ၊ သူ့ဖုန်းနံပါတ်က 0899582572 ဆိုရင် ပို့တဲ့အခါ phone number အကွက်မှာ +66899582572 လို့ရိုက်ပါ။

ပြီးရင် အောက်မှာပြထားသလိုမျိုး ပို့လို့ ရပါပြီး။

Type your message မှာ ကိုယ်ရေးချင်တာတွေ ရေးပေးပါ (မြန်မာလိုတော့ မရဘူးဗျ) စာလုံးပေါင်း ၅၀၀ ထိ ရေးလို့ရပါတယ်။  ပြီးရင် အောက်ဆုံးက send now ကိုသာ ကလစ်လိုက်ပေတော့။
အဆင်ပြေကြပါစေဗျား။


အဲတစ်ခု ရှိတာက ပို့လိုက် သူရဲ့ ဖုန်းနံပါတ်က အမေရိက နံပါတ် ဖြစ်နေလိုက်မယ်။ ဘယ်သူက ပို့လိုက် တာလဲ သိစေချင်ရင် မတ်ဆေ့ခ်ျ ထဲမှာ ကိုယ့်နာမည်နဲ့ ဖုန်းနံပါတ်ကိုပါ ရေးထည့်ပေးရမှာ ဖြစ်ပါတယ်။ 
 

မိတ်ဆွေတို့ စမ်းကြည့်ချင်တယ်။ စမ်းဖို့ နံပါတ် မရှိဘူးဆိုရင် ကျနော့ ဖုန်းနံပါတ်ကို စမ်းသပ်ပေးပို့ နိုင်ပါ တယ်။

Country -Thailand
ph num- +66899582572
မိတ်ဆွေတို့ ရဲ့ နံပါတ်လေးတွေနဲ့ နာမည်လေးတွေကိုလဲ မတ်ဆေ့ခ်ျ ထဲမှာ ရေးထည့်ပေးကြပါ လို့
တောင်းဆိုချင်ပါတယ်။

0 မှတ်ချက်များ for "အင်တာနက်မှ ဖုန်းတွေသို့ အခမဲ့ SMS message ပို့နည်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++