ဒုက္ခသည်စခန်း မီးလောင်မှုမှာ မီးလောင်စေတဲ့ ဓာတု ပစ္စည်းတွေ့ # ဘန်ကောက်ပို့စ်

ကရင်နီဒုက္ခသည်စခန်း မီးလောင်မှုဟာ ရဟတ် ယာဉ်တွေက မီးလောင်စေတဲ့ ပစ္စည်းတွေကို ကြဲချ ခဲ့တာကြောင့် ဖြစ်တယ်လို့  မြင်ရသူ  ဒုက္ခသည်တွေ ရဲ့ ပြောကြား ချက်ကို ကိုးကားပြီး ဒီနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

မီးလောင်မှုကြောင့် ကရင်ဒုက္ခသည် ၄၂ ဦးသေဆုံး ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒုက္ခသည် စခန်းက ဆာမူကတော့ ကောင်းကင်က နေ ရဟတ်ယာဉ် သံတွေ ကြားရ ပြီး မီးလောင်စေတဲ့ ပစ္စည်းတွေ ကျလာတာပဲလို့ ဘန်ကောက်ပို့  စ်ကို ပြောပါတယ်။ 

မယ်ဟောင်ဆောင် ခရိုင်ရဲမှုး Nitinart ကိုလည်း မီးလောင်ချိန်မှာ သွားရောက် ကြည့်ရှု စစ်ဆေးဖို့  ပျက်ကွက် ခဲ့တဲ့အတွက် တာဝန်ကနေ ခေတ္တရပ်ဆိုင်းထားပြီး စုံစမ်းမှု တွေ ပြုလုပ်နေပါတယ်။ ကရင်နီဒုက္ခသည် စခန်း ကို အကူအညီပေးနေတဲ့အဖွဲ့ တွေက ဒုက္ခသည်တွေ ပြန်လည် တည်ထောင်နိုင်ရေးအတွက် အကူအညီ
ဒေါ်လာသန်း နဲ့  ချီပြီး လိုအပ်တယ်လို့  ဆိုပါတယ်။ 

လူ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့  ထိုင်းတာဝန်ခံ Sunai Phasu က ထိုင်း အစိုးရအနေနဲ့  ဒီကြေကွဲ ဖွယ်ရာ အဖြစ်ဆိုးကြီးအတွက် တုံ့ပြန်မှု အမြန်ဆုံးလုပ်သင့်ပြီး အဖြေပေးဖို့ လိုနေပြီလို့  ပြောပါတယ်။ 

မီးလောင်မှုကို စုံစမ်းစစ်ဆေးနေတဲ့အဖွဲ့ တွေကလည်း မီးလောင်ထားတဲ့ အိမ်တွေမှာ ဖော့(စ)ဖော့ ရပ်(စ) ဓာတုပစ္စည်းတွေကို တွေ့ တယ်လို့  ထုတ်ဖော် ပြောပါတယ်။ 

0 မှတ်ချက်များ for "ဒုက္ခသည်စခန်း မီးလောင်မှုမှာ မီးလောင်စေတဲ့ ဓာတု ပစ္စည်းတွေ့ # ဘန်ကောက်ပို့စ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++