အမေရိကန် နှင့် မြောက်ကိုးရီယား ပိုမိုတင်းမာလာ

အမေရိကန်က တောင်ကိုရီးယား ဝေဟင်တွင် B-2
လေယာဉ်များ ပျံသန်းပြခဲ့သည့်နောက် မြောက် ကို ရီးယားကလည်း ဒုံးကျည်များကို အသင့်ပြင်ဆင် ထားကြောင်း ကြေညာလိုက်သည်။

အမေရိကန်သည် ၎င်းတို့ အလွန်အားထားပြီး အရေး ပါလွန်းသည့် စစ်ဆင်ရေးများတွင်သာ အသုံးပြုလေ့ ရှိသည့် မဟာဗျူဟာမြောက် ကိုယ်ပျောက် ဗုံးကြဲ တိုက်လေယာဉ်ကြီးများကို မဟာမိတ် နိုင်ငံ၏ ဝေဟင်တွင် ပျံသန်းပြခြင်းဖြင့် တောင်ကို ရီးယား၏ အိမ်နီး ချင်းပြိုင်ဘက်တို့ကို ခြိမ်းခြောက်ပြခဲ့သည်။


အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း B-2များကို တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်မှု ကဏ္ဍအတွင်း ထည့်သွင်း ပျံသန်းစေခဲ့ကြောင်း အတည်ပြုခဲ့သည်။

အမေရိကန်သည် မကြာသေးမီကမှလည်း B-52 ဗုံးကြဲလေယာဉ်ကြီးများကို ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် ဖြတ်ကျော် ပျံသန်း ပြခဲ့သေးသည်။

0 မှတ်ချက်များ for "အမေရိကန် နှင့် မြောက်ကိုးရီယား ပိုမိုတင်းမာလာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++