ပါတီကြီးအနေနဲ့ လူမျိုးစုမဲဆန္ဒ နယ်တွင် ၀င်မပြိုင်ဖို့ ဖက်ဒရေးရှင်းအဖွဲ့ တိုက်တွန်း

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ တိုင်း ရင်းသားဒေသေတွမှာ  အင်အားကြီးပါတီတွေ ဝင် မပြိုင်ဖို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဝင် မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကရင်၊ ကယန်းစတဲ့ တိုင်းရင်းသားပါတီတွေ ပါဝင်တဲ့ ညီနောင် တိုင်းရင်းသားဖယ်ဒေရးရှင်းအဖွဲ့က သူ တို့အဖွဲ့ရဲ့ ၂ လတကြိမ် ပုံမှန်အစည်းအဝေးကို
နေပြည်တော်မှာ ကျင်းပအပြီး အခုလို ထုတ်ဖော်
ပြောလိုက်တာ ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေအေနနဲ့ ကိုယ့်ဒေသပြဿ နာ ကိုယ့်ဘာသာ စီမံဖြေရှင်းတာဟာ ဖယ်ဒရယ် နည်းကျပြီး  ဒေသခံမဟုတ်တဲ့ အင်အားကြီးပါတီတွေ ထပ်ပြိုင်ဖို့ မလိုကြောင်း ဖက်ဒေရးရှင်းအဖွဲ့ပြောခွင့်ရ ဦးစောသန်းမြင့်က  ပြောပါတယ်။

“ကျနော်တို့က ဖက်ဒရယ်တောင်းနေတာ။ တိုင်းရင်းသားအားလုံးက ဖက်ဒရယ်တောင်းနေတဲ့အချိန်မှာ ကိုယ့်ဒေသမှာ ကိုယ်စီမံခန့်ခွဲပိုင်ခွင့်၊ အစိုးရလုပ်ပိုင်ခွင့်၊ လွှတ်တော်မှာ ကိုယ့်လူနဲ့ ကိုယ်ဒေသကို လုပ်သင့် တယ်လို့ မြင်တယ်လေ။ တိုင်းအားလုံး၊ ပြည်နယ်အားလုံး ကိုယ့်ဒေသကိုယ် ဒေသခံ လူတွေက ဆောင် ရွက်မှသာ ဒေသအတွက် အကျိုးရှိမယ်လို့ထင်တယ်။ ပြည်မက ခဏလာလာပြီး အုပ်ချုပ်ရေးလာလုပ် သူ့သက်တမ်းပြည့်ရင်ပြန်ဖို့ပဲ စီစဉ်။ ဒေသအကျိုးဘာမှမလုပ်ဘူး။ သူ ရနိုင်သေလာက်ပဲ ကုတ်ခြစ်ပြီး ယူသွားတယ်။ အဲတော့ ဒေသအကျိုးအတွက် ဘာမှဖွံ့ဖြိုးတိုးတက်ဖို့ မရှိဘူးလေ။”

ဒါဟာ တိုင်းရင်းသားပါတီတွေရဲ့ လိုလားချက်ကို ထုတ်ဖော်ပြောဆိုတာဖြစ်ပြီး အက်အားကြီး ပါတီတွေ
ပြိုင်ရေး မြပိုင်ရေးကေတာ့ သူတို့အပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ ဦးဌေးဦး
ကတော့ ဘယ်ပါတီကို ရွေးမလဲဆိုတာ ပြည်သူတွေအေပ်ါသာ မူတည်တယ်လို့ ပြောပါတယ်။

“ပါတီတွေအနေနဲ့ သူတို့ရဲ့ ထင်မြင်ချက်ကို လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်လည်းရှိတယ်။ ကြိုးစားပိုင်ခွင့် လည်းရှိပါတယ်။ တိုင်းရင်းသားဆိုတာတော့ အကုန်လုံးက၊ မြန်မာနိုင်ငံထဲမှာ နေတဲ့သူတွေအားလုံးက တိုင်း ရင်းသားတွေပါပဲ။ အရေးကြီးတာကေတာ့ လူထုက ထောက်ခံဖို့ပါပဲ။ လူထုအကျိုးရှိအောင်လုပ်ပေး ဖိုပဲ လိုတာပဲ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပေဒနဲ့အညီပဲ သွားမှာပါ။ ဘယ်သူမဆို ပြိုင်လို့ရ တာပေါ့။
ပြည်သူကေထာက်ခံတယ် မေထာက်ခံဘူးဆိုတာလည်း ပြိုင်တဲ့ပါတီနဲ့ ပုဂ္ဂိုလ်အခြေအနေ အပေါ်မူ တည်ပြီး ပြည်သူကေရွးသွားမယ်လို့ပဲ ထင်ပါတယ်။”

ညီနောင်တိုင်းရင်းသားများ ဖက်ဒေရးရှင်းအဖွဲ့အစည်းအေဝးကို ပြီးခဲ့တဲ့ မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒေရးရှင်းအဖွဲ့ထဲမှာ ချင်းအမျိုးသားပါတီ၊ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရ စီပါတီ၊ ဖလုံစဝေါ်ဒီမိုကေရစီပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီ ၇ ခုပါဝင်ပြီး ဓနု၊ အရှိုချင်း၊ ဝ၊ ရှမ်းနီ၊ ပအိုဝ်း၊ ပေလာင် စတဲ့ တိုင်းရင်းသား ပါတီတွေကတော့ လေ့လာသူအဖြစ် ပါဝင်ပါတယ်။
(ဒီဗွီဘီ)

0 မှတ်ချက်များ for "ပါတီကြီးအနေနဲ့ လူမျိုးစုမဲဆန္ဒ နယ်တွင် ၀င်မပြိုင်ဖို့ ဖက်ဒရေးရှင်းအဖွဲ့ တိုက်တွန်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++