အင်လေး ရွှေ ကန်ထရိုက်က ရဲတပ်ဖွဲ့အား ကိုးပြီး ဈေးသည် များကို အနိုင်ကျင့်
အင်းလေးဖောင်တော်ဦး ဘုရားမှ ရွှေဆိုင်း ကန်ထ ရိုက် တပည့်နှင့် ဈေးသည်များ စကားများရာမှ ဈေး သည် အမျိုးသမီး (၇) ဦးအား ပုဒ်မ(၄၄၀)ဖြင့် ဖမ်ဆီး ထားကြောင်း သိရှိရသည်။
၂၆.၂.၂၀၁၃ ရက်နေ့တွင် တာလေးတိုက်နယ်၊ ရွာ မကျေးရွာတွင် မီးလောင်နေသောကြောင့် အင်းလေးဖောင်တော်ဦး ဘုရားပေါ်မှ ရွှေဆိုင်း
ရောင်း အသံချဲ့စက်အား အသံတိုးပေးရန် ဦးစိုးမောင် အသက် ၅၀ ခန့် (ပန်း၊ ဆွမ်းတော်
ရောင်း) မှ သွားရောက်ပြောဆိုရာတွင် ရွှေဆိုင်း ကန်ထရိုက် ဦးအောင်ကျော်ထွန်းတပည့် အသက် (၂၅) ၀န်းကျင်လူငယ်မှ ရိုင်းပြစွာ ပြောဆိုခုံနှင့်ရိုက်ကာ ရန်မူသဖြင့် ရွှေရောင်းဈေးသည် အမျိုးသမီးများနှင့် စကားများကြပြီး ခုံကျိုးကာ ရွှေရောင်း အသံချဲ့ စက်ကြိုး များပြုတ်ထွက်သည်ကို နမ့်ပန်ရဲစခန်းမှ မခိုင် (၃၉) နှစ်၊ မဖြူလေး (၃၇) နှစ်၊ မမိငယ် အသက် (၃၅) နှစ်၊ သန်းသန်းဦး(ခ)ကင်းပိုင် (၂၄) နှစ်၊ မခင်မျိုးဖြူ (၁၇) နှစ်၊ မယ်ပိုင် (၂၇) နှစ်၊ ရွှေငယ် (၃၈) နှစ်၊ (၇)ဦးအား စနေနေ့တွင် ဖမ်းဆီးကာ တနင်္ဂနွေနေ့တွင် ရုံးထုတ်ကာ ယမန်ယူ ခဲ့ကြောင်း ရွှေရောင်းဈေးသည် တစ်ဦးမှ
ပြောသည်။

အင်းလေးဖောင်တော်ဦးဘုရား ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ဘုရားတွင် လွန်ခဲ့ သည့်နှစ်ပေါင်း(၅၀)ကျော်မှ ယနေ့တိုင် ရွှေရောင်းအလုပ်ဖြင့် အသက်မွေးမှုပြုခဲ့ကြသည်။
လွန်ခဲ့သည့် ၅ လခန့်မှစကာ ဦးအောင်ကျော်ထွန်း(ခ)တရုတ်ကြီးဆိုသူသည် ဘုရားဂေါပကထံမှ ရွှေဆိုင်း ကန်ထရိုက်ရသည်ဟုဆိုကာ ဘုရားတွင် အသံချဲ့စက်ဖြင့် ရွှေရောင်းခဲ့ကြောင်း၊ အစဉ်ရောင်းချလာခဲ့သည့်
ဒေသခံရွှေဈေးသည်များနှင့်လည်း မကြာခဏရန်ဖြစ်ကာ ဘုရားပေါ်မှလည်း ညစ်ညမ်းစွာပြုမူရန် စကြောင်း၊ ဒေသခံရွှေဈေးသည်များကို ဖမ်းဆီးထိပ်တုံးခတ်ကြောင်း ဒေသခံရွှေဈေးသည်များ ပညာမတတ် မသိနားမလည် ကြောက်တတ်မှုပေါ်တွင် ရဲအားကိုးဖြင့် နည်းမျိုးစုံ နှိပ်ကွက်မှုများလည်းရှိနေကြောင်း၊ ယခုလက်ရှိတွင်လည်း ရွှေရောင်းကန်ထရိုက်နှင့် ဈေးသည် ပဋိပက္ခအားလည်း ယခုကဲ့သို့ သားသည် မိခင်နှင့် ငယ်ရွယ်သူအမျိုးသမီးလေးများအား မတရားဖိနှိပ်လုပ်ဆောင်နေကြောင်း မိသားစုများမှာလည်း ဒုက္ခမျိုးစုံ ရင်ဆိုင်နေရကြောင်း ရွှေဈေးသည်တစ်ဦးမှပြောသည်။

0 မှတ်ချက်များ for "အင်လေး ရွှေ ကန်ထရိုက်က ရဲတပ်ဖွဲ့အား ကိုးပြီး ဈေးသည် များကို အနိုင်ကျင့်"