ရပ်တည်ရာပျောက် ဆုံးခြင်း အစီရင်ခံစာ KHRG သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
KHRG
ကရင်လူ့အခွင့်အရေးအဖွဲ့က “ရပ်တည်ရာ ပျောက်ဆုံးခြင်း” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာကို မတ်လ၊ ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်လိုက်ပြီးတော့ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကြား အပစ်အခတ်ရပ်စဲရေးပြီးနောက် သယံဇာ တတွေ ကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ စီးပွားရေး ကုမ္ပဏီတွေက ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သယံဇာတ တူးဖော်ရေး၊ လမ်းပန်းဆက် သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ဒေသခံ လူထုနဲ့ မတိုင်ပင်ဘဲ အဓမ္မ မြေသိမ်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အဓိကကတော့ တဖတ်သတ် ဆောင်ရွက်ပုံရတယ်။ ရွာသားတွေနဲ့ လုံးဝ တိုင်ပင် ဆွေးနွေးခြင်း၊ အကြောင်း ကြားခြင်းမရှိဘဲနဲ့ တဖတ်သတ် ဆောင်ရွက်ခဲ့ခြင်းဆိုတာကို ကျမတို့ တွေ့ရပါတယ်။ ဒုတိယတချက် အနေနဲ့က ဒီလို စီမံကိန်းတွေကြောင့် မြေယာသိမ်းဆည်းခံရခြင်းတွေ၊ ဒေသတွင်း မြေယာကို အသုံးပြုမှု အခက်အခဲတွေကို ကြုံရတယ်။ တတိယအချက်အနေနဲ့က သူတို့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုအပေါ်မှာ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေ ရရှိဖို့အတွက်ကို ကြိုးပမ်းရာမှာ သူတို့အတွက် အများကြီးပဲ အခက်အခဲတွေ ရှိပါတယ်။ လေးချက်မြောက်အနေနဲ့က သဘာဝ သယံဇာတ တူးဖော်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့်
နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ လယ်မြေ၊ စားဝတ်နေရေးနဲ့ အသက်အန္တရာယ်တွေ အပေါ်မှာ
နောက်ဆက်တွဲ ဆိုးကျိုးတွေ သက်ရောက်မှုကိုလည်း ကျမတို့ တွေ့ရှိရပါတယ်။” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
“ရပ်တည်ရာ ပျောက်ဆုံးခြင်း” အစီရင်ခံဟာ ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ရရှိတဲ့သတင်းတွေ အပေါ်မှာ ပြန်ပြီးတော့ ဝေဖန်သုံးသပ်လိုက်ထားတဲ့ အစီးရင်ဖြစ်ကြောင်းလည်း ပြေပါတယ်။ သတင်းဗွီယိုကို RFA မှ ရိုက်ကူးသည်။

0 မှတ်ချက်များ for "ရပ်တည်ရာပျောက် ဆုံးခြင်း အစီရင်ခံစာ KHRG သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်"