ဘာစီလိုနာအသင်းနှင့် တွေ့ဆုံနေခြင်းအပေါ် စမ်းသပ်မှုဖြစ်သည် # ပီအက်စ်ဂျီ နည်းပြ

ပီအက်စ်ဂျီအသင်း၏ နည်းပြအန်ဆယ်လော့တီ သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မဲခွဲမှု၌ ဘာစီလို နာ အသင်းနှင့် တွေ့ဆုံနေခြင်းအပေါ် အကောင်းမြင်နေပြီး သူ၏အသင်းအတွက် အကောင်းဆုံး စမ်းသပ်မှု ဖြစ်သည်ဟု ယူဆနေ
ကြောင်း သိရသည်။ 

ယခုနှစ်ရာ သီတွင် လာဗက်ဇီ၊ အီဗရာဟီမိုဗစ် နှင့် တီယာဂို ဆေး လ်ဗားတို့ကဲ့သို့သော ထိပ်တန်း ကစားသမားများ ကို ခေါ်ယူအားဖြည့်ခဲ့ပြီး ဥရောပ ထိပ်တန်းအသင်းကြီး အဖြစ် နေရာရလာသည့် ပီအက်စ်ဂျီ အသင်းအတွက် ယခုလို ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့ ခြင်းမှာ (၁၉၉၄-၉၅)ခုနှစ်
နောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်ခဲ့သည်။ 

“ဒီပွဲက အရမ်းကို ခက်ခဲ မယ့် ပွဲဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ် ဒါပေ မယ့်လည်း ကျွန်တော်တို့ ခုရှိနေတဲ့ ခြေစွမ်းနဲ့ ပတ် သက်ပြီး ဒီပွဲက အကောင်းဆုံး စမ်းသပ်မှုပါပဲ”ဟု အန် ဆယ်လော့တီမှ ပြော ကြားခဲ့သည်။ 

ပီအက်စ်ဂျီ နှင့် ဘာစီလိုနာ အသင်းတို့၏ ပွဲစဉ်သည် ဧပြီလ (၂)ရက် နေ့တွင် ပီအက်စ်ဂျီ အသင်း၏ အိမ်ကွင်း ၌ စတင်က စားရမည် ဖြစ်သည်။

0 မှတ်ချက်များ for "ဘာစီလိုနာအသင်းနှင့် တွေ့ဆုံနေခြင်းအပေါ် စမ်းသပ်မှုဖြစ်သည် # ပီအက်စ်ဂျီ နည်းပြ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++