ရုရှားစစ်လက်နက်ပစ္စည်းများ ဈေး ကွက်ချဲ့ထွင်လိုက်ပြီ ဟုဆို

ကမ္ဘာစစ်အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သော ရုရှား နိုင်ငံမှကာကွယ်ရေး ဝန်ကြီးသည် မြန်မာနိုင်ငံနှင့်ဗီ ယက်နမ်နိုင်ငံ ခရီးစဉ်များအတွင်း ၎င်းတို့နိုင်ငံထုတ် စစ်လက်နက်များ ရောင်းချရေးကို ဦးစားပေး
ဆွေးနွေး ခဲ့သည်ဟု HIS News က ရေးသားဖော်ပြ လိုက် ကြောင်း ၁၁-၃-၂၀၁၃ ရက်ကသိရသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကို မတ်လ ၄ ရက်မှ ၆ ရက်အတွင်း သွားရောက်ခဲ့သော ခရီးစဉ်အတွင်း နှစ်နိုင်ငံမှ သဘော တူညီချက်များ ရရှိခဲ့သည်ဟု HIS News ကထုတ်ဖော် ဖော်ရေးသားလိုက်ပြီး အခြားသော အရှေ့တောင်အာ ရှနိုင်ငံများကိုပါ ဈေး ကွက်ချဲ့ထွင် ရန်ကြိုးပမ်းနေသည် ဟုဆိုသည်။ 

HIS ၏ ရေးသားဖော်ပြချက်အရ နှစ် ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံးအဆင့်မြင့် စစ်ဘက်ဆိုင်ရာ
ခေါင်း ဆောင်တစ်ဦး၏ ခရီးစဉ်မှာ မြန်မာနှင့်ဗီယက် နမ်တို့၏ ထုတ်ပြန်ချက် ဖြစ်သော စီးပွားရေး ပူးပေါင်းဆောင် ရွက် မှုမျိုးသီး သန့်မဟုတ် ဘဲ နိုင်ငံနှစ်ခုစလုံး၏ ကာ ကွယ်ရေးဆိုင်ရာ ကိစ္စများကိုသာ ဦးစားပေးဆွေးနွေး ကြသည်ဟုဆိုသည်။

မြန်မာနိုင်ငံ ဗီယက်နမ်နိုင်ငံတို့၏ ထုတ်ပြန်ကြေညာ ချက်အရ ရှရှးနိုင်ငံ အနေဖြင့် ရင်းနှီးမြုပ်နှံမှုမျိုးစုံ၊ ကုန်သွယ်မှု၊ စွမ်းအင်၊ သတ္ထုတူးဖော်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍစသည့်တို့တွင် ရုရှားနိုင်ငံက အကူအညီ ပေးရေးအတွက် ဆွေးနွေးခဲ့သည်ဟု သိရသော်လည်း ရုရှားနိုင်ငံက အကူအညီပေးရေးအတွက် ဆွေးနွေးခဲ့သည်ဟု သိရသော်လည်း ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu ၏ ခရီးစဉ်တွင် လက်နက်ရောင်းဝယ်ရေး ကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကြသည်ဟု HIS ကရေးသားထားသည်။

0 မှတ်ချက်များ for "ရုရှားစစ်လက်နက်ပစ္စည်းများ ဈေး ကွက်ချဲ့ထွင်လိုက်ပြီ ဟုဆို "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++