ဖောက်ကလန်ကျွန်း ရွေးကောက်ပွဲ ရလာဒ် အာဂျင်တီးနား ပယ်ချ
ဖောက်ကလန်ကျွန်း၏ အနာဂတ်နိုင်ငံရေး အခြေအနေ
နှင့်ပတ်သက်၍ အဆိုပါကျွန်းတွင် ပြုလုပ်ခဲ့သည့် ပြည် လုံးကျွတ် ဆန္ဒခံယူပွဲရလဒ်များအား အာဂျင်တီးနားနိုင်
ငံက ပယ်ချခဲ့ကြောင်း သိရှိရပါသည်။
နှင့်ပတ်သက်၍ အဆိုပါကျွန်းတွင် ပြုလုပ်ခဲ့သည့် ပြည် လုံးကျွတ် ဆန္ဒခံယူပွဲရလဒ်များအား အာဂျင်တီးနားနိုင်
ငံက ပယ်ချခဲ့ကြောင်း သိရှိရပါသည်။
အာဂျင်တီးနားအစိုးရသည် အဆိုပါဆန္ဒခံယူပွဲရလဒ်အား ဗြိတိန် နိုင်ငံ၏လှည့်ကွက်တစ်ခု ဖြစ်သောကြောင့် ပယ်ချ ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါကျွန်းရှိ ကျွန်းသူ၊ ကျွန်းသားများသည် ၎င်းတို့အနေဖြင့် ဗြိတိန်မှ ခွဲထွက်ရေး၊ မခွဲထွက်ရေးအား မတ်လ ၁ဝ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ၂ ရက်ကြာ ပြည် လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး လျှို့ဝှက်မဲ ပေးခဲ့ကြပါသည်။
ကျွန်းသူ၊ ကျွန်းသားများ၏ ၉၈.၈ ရာခိုင်နှုန်းသည် ဗြိတိန်အုပ်ချုပ်မှု အောက်တွင်ကျန်ရှိရန် ဆန္ဒမဲ ပေးခဲ့သည် ဟု တရားဝင်ရလဒ်များ ထုတ်ပြန် ထားသော်လည်း ဗြိတိန်အစိုးရက ကျောထောက်နောက်ခံပြုသော ဆန္ဒမဲများသည် လှည့်ကွက်တစ်ခု သာ ဖြစ်ကြောင်း အာဂျင်တီးနား နိုင်ငံမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အာဂျင်တီးနား အထက်လွှတ်တော် တွင် ယခုသီတင်းပတ် အတွင်း အဆိုပါ ဆန္ဒခံယူပွဲ ရလဒ်အား ပယ်ချရန်နှင့် ဖောက်ကလန် ကျွန်းအား ပိုင်ဆိုင်ကြောင်းကို ထပ်လောင်း အတည်ပြုရန် မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရှိရ ပါသည်။


0 မှတ်ချက်များ for "ဖောက်ကလန်ကျွန်း ရွေးကောက်ပွဲ ရလာဒ် အာဂျင်တီးနား ပယ်ချ"