ယာယီညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းရေး အစ္စရေးဝန်ကြီး ချုပ်နှင့် မဟာမိတ်ပါတီများ သဘောတူ လက်မှတ်ရေးထိုး
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ အလည် အပတ်ခရီးစဉ်မတိုင်မီနှင့် သတ်မှတ်ထားသော အချိန်မတိုင်မီ ၂၄ နာရီအတွင်း အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းရန် အဓိကကျသည့် ယာယီညွန့်ပေါင်းအစိုးရ အဖွဲ့ မဟာမိတ်ပါတီများနှင့် သဘောတူ လက်မှတ်
ရေးထိုးခဲ့ကြောင်း မတ် ၁၅ ရက်တွင် ပြောကြား ခဲ့သည်။
ရေးထိုးခဲ့ကြောင်း မတ် ၁၅ ရက်တွင် ပြောကြား ခဲ့သည်။
နေတန်ယာဟု၏ လီကွန်ပါတီမှ မဟာမိတ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အဗစ်ဒါလီဘာမန်၏ ရစ်ရဲလ် ဘီတီနူပါတီတို့သည် အမတ်နေရာ ၁၂ဝ ပါဝင်သော ညွန့်ပေါင်းအစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းရန်အတွက် ရက်စ်အတစ်ပါတီ၊ ဂျူးဟုမ်းပါတီတို့နှင့် ရက်သတ္တပတ်များစွာကြာ ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အဓိက နိုင်ငံရေးပါတီကြီးများအကြား သဘောတူလက်မှတ် ရေးထိုးခဲ့သည့် ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းမှု သဘောတူညီချက်ကို နေတန်ယာဟုက ကြိုဆိုခဲ့ကြောင်း မတ် ၁၅ ရက် မွန်းလွဲပိုင်းက ၎င်း၏ရုံးမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် အစိုးရအဖွဲ့သစ် ဖွဲ့စည်းမှု သဘောတူညီချက်နှင့် စပ်လျဉ်း၍ အစ္စရေးသမ္မတ ရှီမွန်ပဲရက်စ်ထံသို့ မတ် ၁၆ ရက် ညနေတွင် သတင်းပေးပို့ သွား မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ပြောကြားထားသည်။
အစိုးရအဖွဲ့သစ်သည် အမေရိကန်သမ္မတ ဘားရက် အိုဘားမားအလည်အပတ် လာရောက်မှု မတိုင်မီ ၄၈ နာရီအတွင်း မတ် ၁၈ ရက် မတိုင်မီ ကျမ်းသစ္စာကျိန်ဆိုသွားမည်ဟု မျှော်မှန်းထားကြောင်းသိရသည်။


0 မှတ်ချက်များ for "ယာယီညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းရေး အစ္စရေးဝန်ကြီး ချုပ်နှင့် မဟာမိတ်ပါတီများ သဘောတူ လက်မှတ်ရေးထိုး"