ပုံစံလျှောက်ထားရန် မလိုတော့ဘဲ ပြည်ပ ခရီးသွားလာလို့ရပြီ
ပြည်ပနိုင်ငံများသို့ ခရီးသွားလာရန်အတွက် ပြည်ပ ထွက်ခွါခွင့် ပုံစံ လျှောက်ထားရန်မလိုတော့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီး ဌာနမှ ပြောဆိုလိုက်သည်။
“မတ်လ ၁၅ ရက်က စပြီး ပြည်ပထွက်ခွါရာမှာ ဖြည့် စွက် လျှောက် ထားရတဲ့ ပုံစံ ဃ (Form-D) မလိုဘဲ
ပြည်ပ ကို အလွယ်တကူထွက်ခွါနိုင်ပြီ ဖြစ်ပါတယ် ” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦိးက ပြောသည်။
ယခင်က ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီး ထွက်ခွါလိုသည့်အခါ ထိုပုံစံ ဃ ကို ဖြည့်စွက် လျှောက် ထားရပြီး မှန်ကန်၍ ခွင့်ပြုချက် ရမှသာ ပြည်ပသို့ ထွက်ခွါခွင့် ရကြသည်။
“အရင်က ပြည်ပထွက်ခွါတာကို ထိန်းချုပ်မှု အနေနဲ့ သုံးခဲ့တာပါ။ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ သွား လာနေကြရတဲ့ ဒီနေ့ခေတ်မှာ ပုံစံ ဃ က ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်စေခဲ့ပါတယ်။ ဆိုက်ရောက် ဗီဇာတောင်
ပေးထားမှတော့ ပုံစံ ဃကို ဖျက်သိမ်းသင့်တာ ကြာပါပြီ” ဟု အင်္ဂလိပ် ဧည့်လမ်းညွှန် ဦးညီညီိ က ဆိုသည်။
ပုံစံ ဃ မှာ ပြည်ပထွက်ခွါလိုသူ နိုင်ငံသားတဦးက ဘဏ်ဖွင့်ရက်များတွင်သာ လျှောက်ထား ရယူနိုင်သည်။
“ပြည်ပကို ချက်ချင်းသွားရမယ့်ကိစ္စ ပေါ်လာရင် ဘဏ်မှာ ငွေသွင်းလျှောက်ရတဲ့အတွက် စနေ၊ တနင်္ဂနွေလို ဘဏ်ပိတ်ရက်နဲ့ တိုးရင် စောင့်ရရော။ ပြည်ပထွက်ဖို့ အဟန့်အတား တခုကို ဖြည်လျှော့ပေးလိုက်တာ လို့ပဲ မြင်ပါတယ်” ဟု စီးပွားရေး ဆွေးနွေးမှုများအတွက် ပြည်ပခရီးစဉ်များ သွားရလေ့ရှိသူ လုပ်ငန်းရှင် ဦးမြင့်ငွေ က ပြောကြားသည်။ __ရန်ကုန် (မဇ္ဈိမ)။

0 မှတ်ချက်များ for "ပုံစံလျှောက်ထားရန် မလိုတော့ဘဲ ပြည်ပ ခရီးသွားလာလို့ရပြီ"