အမေရိကန်သတိပေးမီးကျဉ် ပစ်ခတ်၍ အီရန်လေယာဉ် နောက်လှည့်သွား

အီရန်တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်
မောင်းသူမဲ့ လေယာဉ် တစ်စင်းဆီသို့  ဦးတည်ပျံ သန်းလာစဉ် သတိပေးမီးကျည် ပစ်ခတ်ပြီးနောက် အီရန် လေယာဉ်မှာ နောက်လှည့် ပျံသန်းသွား
ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ထုတ်ဖော် ပြော ကြားချက်အရ သိရသည်။ 

လက်နက်တပ်ဆင်ထားခြင်း မရှိသော Predator ဟု အမည် ပေးထားသည့် ယင်းမောင်းသူမဲ့ လေယာဉ် ကို အမေရိကန် စစ်လေယာဉ် နှစ်စင်းက စောင့်ကြပ်၍ နိုင်ငံတကာ ရေပိုင်နက်အတွင်း ပျံသန်းနေစဉ် အီရန်
လေယာဉ် ချဉ်းကပ်လာမှုကို အစောင့်လိုက် လေယာဉ်နှစ်စင်းအနက်မှ တစ်စင်းက အချက်ပြမီးကျည် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အီရန် F-4 တိုက်လေယာဉ်သည် အမေရိကန် မောင်းသူမဲ့ လေယာဉ်နှင့် အနီးစပ်ဆုံး ၁၆ မိုင် အကွာတွင်
ရောက်ရှိ နေခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ပြန်ကြားရေးဌာနမှ ဂျော့လစ်တယ်လ်က ပြောကြားခဲ့ သည်။ 

အဆိုပါ Predator မောင်းသူမဲ့ လေယာဉ်သည် အာရေဗျ ပင်လယ်အတွင်း ကင်းလှည့် စစ်ဆေးနေခြင်းဖြစ်ပြီး အမေရိကန်စစ်ဘက်မှ လေယာဉ်သုံးစင်းသည် နိုင်ငံတကာ ရေပိုင်နက်အတွင်း အချိန်ပြည့်ကင်းလှည့်လျက် ရှိကြောင်း ဂျော့ကထပ်လောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလက အီရန်တိုက်ယာဉ် တစ်စင်းသည် အာရေဗျ ပင်လယ်ကွေ့အကျော်တွင် Predator မောင်းသူမဲ့ လေယာဉ်ကို တိုက်ခိုက်ခဲ့သော်လည်း ထိမှန်ခဲ့ခြင်း မရှိခဲ့ပေ။

0 မှတ်ချက်များ for "အမေရိကန်သတိပေးမီးကျဉ် ပစ်ခတ်၍ အီရန်လေယာဉ် နောက်လှည့်သွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++