ရွာတန်းကျေးရွာ မီးရှို့မှု အိမ်ခြေ ၅၅ လုံး မီးလောင်

ရမည်းသင်းနဲ့ ၉ မိုင် ပတ်ဝန်းကျင်လောက်က ရွာ တန်းကျေးရွာမှာ မတ် ၂၃ ရက်နေ့က လူအုပ်စု တစုက မီးရှို့မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် နေအိမ် ၅၅ လုံး မီးလောင်သွားတယ်လို့ သိရပါတယ်။

မတ် ၂၃ ရက်ည ၇ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့ တာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေ ရဲ့ နေအိမ် အများစု မီးလောင်သွားသလို ဗလီတလုံးလည်း မီးရှို့ခံလိုက်ရတယ်လို့ရမည်းသင်းမြို့နယ် အမျိုး သား ဒီမိုကရေစီ ဥက္ကဋ္ဌ ဦးမျိုးသင်းက ပြောပါတယ်။

 “ရွာတွေအများကြီးတန်းထားတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည ၇ နာရီခွဲလောက်မှာ စပြီးဖြစ်ကြတယ်။ အဲမှာရှိတဲ့ ဗလီတလုံး ပျက်သွားတယ်။ အိမ်တွေ ၅၅ လုံး မီးလောင်သွားတယ်။ လူကတော့ အသေ အပျောက်မရှိဘူး။ နောက်ပြီး အစ္စလာမ်ဘာသာဝင်တွေပိုင်တဲ့ ဈေးဆိုင်လေးတွေက ပစ္စည်းတွေ ယူကြတယ်။ အခြေအနေက အခုတော့ ကောင်းသွားပါပြီ။”

ရွာခံတွေရဲ့အပြောအရ ဒီလိုမီးရှို့ဖျက်ဆီးတဲ့လူတွေဟာ မျက်နှာစိမ်းအဖွဲ့တဖွဲ့ဖြစ်ပြီး အခုတော့ လုံခြုံ
ရေးတွေ ချထားတယ်လို့လည်း သူက ဆိုပါတယ်။ ည ၁၁ နာရီလောက်မှာ မီးတွေ ငြိမ်းသွား တယ်လို့လည်း သူက ပြောပါတယ်။

ရမည်းသင်း ရဲတပ်ဖွဲ့ကို ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာတော့ အဓိကရုဏ်း ဖြစ်ပွားခဲ့ တာကို အတည်ပြုခဲ့ပြီး စခန်းက လုံခြုံရေးတွေ ချထားရကြောင်း ပြောဆိုပါတယ်။ တာဝန်ကျတဲ့သူတွေ ပြန် လည် မရောက်ရှိသေးတဲ့ အတွက် အသေးစိတ်ကိုတော့ ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။__ဒီဗွီဘီ   

0 မှတ်ချက်များ for "ရွာတန်းကျေးရွာ မီးရှို့မှု အိမ်ခြေ ၅၅ လုံး မီးလောင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++