ဘာသာရေး အကြီးအကဲများနှင့် စိုးရအဖွဲ့တွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့ရှိ ဘာသာရေးခေါင်းဆောင်များ ယနေ့ညနေတွင် ရန် ကုန်တိုင်းဒေသကြီးရုံးတွင် အစည်းအဝေး ထိုင်နေ
ကြောင်း အစ္စလာမ်သာသနာရေးကောင်စီဌာနချူပ် အတွင်းရေးမှူး ဦးညွှန့်မောင်သျှိန် မှ မဇ္ဈိမသို့ ပြော သည်။
၎င်းက “အခု အစည်းအဝေး သွားနေပါပြီ။ ရန်ကုန် တိုင်းဒေသကြီး အစိုးရရုံးမှာပါ” ဟု အတည်ပြု ပြော ဆိုသည်။
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်အရောင်းအ၀ယ်မှ စတင်ခဲ့သည့် မိတ္ထီလာ ပဋိပက္ခအရေးအခင်း ဖြစ်ပြီး
နောက် ရန်ကုန်မြို့တွင် ကူးစက်မည်ကို စိုးရိမ်သဖြင့် ထွက်ရှိနေသော ကောလဟာလဖြစ်စဉ်များအား အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဘာသာရေးခေါင်းဆောင်များက အဖြစ်မှန်များ ပြန်လည်ချပြမည် ဖြစ် သဖြင့် ယခုလိုတွေ့ဆုံခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
၎င်းက “ကိုယ့်ဘာသာဝင်တွေကို ကိုယ်ထိန်းကြဖို့ အစိုးရအဖွဲ့က ခေါ်ညှိတာပါ၊ အခမ်းအနားက ဒီနေ့လုပ် မှာပါ။ အခုတော့မစသေးပါဘူး” ဟုဆိုသည်။
ခေါ်ယူတွေ့ဆုံရာတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္နူဘာသာနှင့် ခရစ်ယာန်ဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။__ရန်ကုန် (မဇ္ဈိမ)။

0 မှတ်ချက်များ for "ဘာသာရေး အကြီးအကဲများနှင့် စိုးရအဖွဲ့တွေ့ဆုံ "