အစိုး​ရဘက်က အမျိုးသား​တန်း​တူ​ရေး​နဲ့ ကိုယ်ပိုင်ပြဌာန်း​ခွင့်​ကို နား​လည်လာတဲ့​ပုံရှိတယ်။ ဒါ​ပေမယ့်​ ​ဝေါဟာရအပိုင်း​မှာ​တော့​ အထိုက်အလိုက်ကွာဟမှုရှိတယ်။ ​ယေဘုယျ သ​ဘောက​တော့​ လက်ခံလာ​နေတဲ့​ အ​နေအထား​မျိုးဖြစ်​နေတော့ ​တော်​တော်​လေး​ ​ကောင်း​တဲ့​ အလား​အလာလို့ မြင်တယ်။

သမ္မတရုံး​ဝန်ကြီး​ ဦ​အောင်မင်း​ဦး​ဆောင်တဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှုလုပ်ငန်း​အဖွဲ့နဲ့ နိုင်ငံ
ရေး​ဆွေး​နွေးပွဲ အကြိုညှိနှိုင်း​ပွဲဟာ ရင်း​နှီး​ပွင့်​လင်း​ပြီး​ အား​ရ​ကျေနပ်မှုရှိတယ်လို့​ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုးများ​ဖက်ဒရယ်​ကောင်စီ (UNFC) ​အထွေ ထွအတွင်းရေးမှူး နိုင်ဟံသာက ဆိုပါတယ်။ 

ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့က ​ဟောလီး​ဒေး​အင်း​ဟိုတယ်မှာ နိုင်ငံ​ရေး​ဆွေး​နွေးပွဲ​တွေ လုပ်​ဆောင်ဖို့ အတွက် အကြိုညှိနှိုင်း​ဆွေး​နွေးကြတာ ဖြစ်ပါတယ်။

ဆွေး​နွေး​ပွဲအ​ခြေအ​နေနဲ့ပတ်သက်ပြီး​ နိုင်ဟံသာကို ​မေး​မြန်း​ထား​ပါတယ်။  

တိုင်း​ရင်း​သား​မဟာမိတ်အဖွဲ့နဲ့​ အစိုး​ရကြား​ ​တွေ့​ဆုံ​ဆွေး​နွေးပွဲအစပွဲမှာ ဘယ်​လောက် ​မျှော်လင့်​ချက်​တွေ။ အဆင်မ​ပြေတာ​တွေ၊​ အဆင်​ပြေတာ​တွေရှိလဲ။
“အများ​ကြီး​ကောင်း​တယ်။ ကျ​နော်တို့နိုင်ငံမှာ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲဆိုပြီး​ စစ်စစ်မှန်မှန်နဲ့ ​ဆွေး​နွေးခဲ့​ဖူး​တာ မရှိသ​လောက်ပဲ။ အခု စတာဖြစ်တယ်။ အစပိုင်း​မှာ ဒီ​လောက် ရင်း​ရင်း​နှီး​နှီး​ ခင်ခင်မင်မင်နဲ့ သ​ဘောထား​မှန်မှန်နဲ့ ဆွး​နွေး​ခဲ့​ကြတာ ​တော်​တော်​လေး​ ​ကောင်း​တယ်။ အများ​ကြီး​အား​ရတယ်။ ​နောက်ပိုင်း​မှာလည်း​ ဒီ​နေ့​ ညှိနှိုင်း​မှုအ​ပေါ်မှာ အမြင်​တွေ အများ​ကြီး​နီး​စပ်တယ်။ အ​ဖြေ​ကောင်း​တွေရလာမယ်လို့ မြင်တယ်။”

UNFC က​နေ ကိုင်ဆွဲထား​တဲ့​ ဖက်ဒရယ်ပြည်​ထောင်စုနဲ့​ အစိုး​ရဘက်က တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြ ဌာန်း​ခွင့်​နဲ့​ပတ်သက်ပြီး​ အန်ကယ်တို့ စာသား​နဲ့​ပတ်သက်ပြီး​ အစိုး​ရဘက်က စိုး​ရိမ်ပူပန်တာ​တွေ ရှိတယ်။ အခု ဒီပွဲမှာ​ရော ဘယ်လိုမြင်ရလဲ။
“ကျ​နော်တို့ မေး​မြန်း​မှုအ​ပေါ်မှာ အစိုး​ရဘက်က အမျိုးသား​တန်း​တူ​ရေး​နဲ့ ကိုယ်ပိုင်ပြဌာန်း​ခွင့်​ကို နား​လည်လာတဲ့​ပုံရှိတယ်။ ဒါ​ပေမယ့်​ ​ဝေါဟာရအပိုင်း​မှာ​တော့​ အထိုက်အလိုက်ကွာဟမှုရှိ တယ်။ ​ယေဘုယျ သ​ဘောက​တော့​ လက်ခံလာ​နေတဲ့​ အ​နေအထား​မျိုးဖြစ်​နေလို့  ​တော်​တော်​လေး​ ​ကောင်း​တဲ့​အလား​အလာလို့ မြင်တယ်။”

သမတကြီး​ ဦး​သိန်း​စိန် ကိုင်စွဲထား​တဲ့​မူ ၈ ချက်ထဲမှာ UNFC က​နေ စိုး​ရိမ်ပူပန်တာ​တွေရှိ တယ်။ လွှတ်​တော်ထဲကို ဝင်၊​ ​ရွေး​ကောက်ပွဲဝင် ပြီး​မှ ၂၀ဝ၈ ဖွဲ့စည်း​ပုံကိုပြင် အဲလိုဆိုရင် အန်ကယ်တို့က အ​ခြေအ​နေအရမြဖစ်နိုင်ဘူး​ပြောတယ်။ အဲ​တော့​ အခုအ​ခြေအ​နေအရ​ရော အစိုး​ရဘက်က ဒီမူအတိုင်း​ ကိုင်စွဲတုန်း​ပဲလား​။
“ဒါကလည်း​ အများ​ကြီး​ညှိနှိုင်း​သွား​ရဦး​မယ်။ အ​ဖြေအတိအကျရယ်လို့ မ​ပြောနိုင်​သေး​ဘူး​။ နှစ်ဖက်​ဆွေး​နွေး​မှုက ၂ လအတွင်း​ ဒါမှမဟုတ် ဒီထက်​စောဖြစ်နိုင်လား​ဆို​တော့​ ဖြစ်နိုင်ပါတယ်။”

အန်ကယ်တို့ ​ဆွေး​နွေး​တဲ့​အခါမှာ ​လေ့​လာသူအဖြစ် ​နောက်ပိုင်း​မှာ ဘယ်သူ့ကိုဖိတ်မယ်၊​ ကြား​ဝင် ဖျန်​ဖြေသူအဖြစ် ဘယ်သူ့​ကို ဖိတ်မယ်ဆိုတာ​တွေ၊​ ဥပမာ ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ငြိမ်း​ချမ်း​ရေး​အတွက် ဝင်​ရောက်​ဆောင်ရွက်ချင်တယ်လို့ ​ပြောတာရှိတယ်။ အဲဒီအ​ပေါ်မှာ နှစ်ဖက်လုံး​ရဲ့​ သ​ဘောထား​က ဘယ်လိုရှိလဲ။
 “ဒါ​တွေက​တော့​ အ​သေး​စိတ် ကျ​နော်တို့ မူမချရ​သေး​ဘူး​။ ​ယေဘုယျအား​ဖြင့်​ပဲ ဘယ်လိုလူမျိုး စသဖြင့်​ ပါဝင်နိုင်ဖို့ ညှိနှိုင်းကြတယ်။ ​ယေဘုယျပဲ ကျ​နော်တို့ သ​ဘောတူညီမှု ရထား​တယ်။”

ဒီ​ဆွေး​နွေး​ပွဲက​နေ ပြည်သူလူထုကို ဘာများ​ ​ပြောချင်ပါသလဲ။
“ကျ​နော်တို့ အခုလို အစိုး​ရဘက်က ကိုယ်စား​လှယ်​တွေ လာတဲ့​အ​ပေါ်မှာ တကယ်ရန်ဘက်ကြီး​လိုဖြစ်​နေ တဲ့​ ပြည်တွင်း​စစ်ရဲ့​ နှစ်ဖက်အင်အား​စု အခုလို ​တွေ့ဆုံနိုင်တာဟာ အများ​ကြီး​ အလား​အလာ ​ကောင်း​တယ်။ ​ပြောကြဆိုကြတာ​တွေလည်း​ အ​တော်​ကောင်း​တယ်။ ကျ​နော်တို့နိုင်ငံမှာ ပြည်တွင်း​စစ်ဒဏ်ကို ၆၅ နှစ်တိတိ ခံ​နေရတဲ့​အ​ပေါ်မှာ၊​ ဒုက္ခအ​တော်​လေး​ ​တွေ့ကြုံရတဲ့​အ​ပေါ်မှာ ဒီလိုနိုင်ငံ​ရေး​အရ အ​ဖြေမရှာ လို့ မဖြစ်​တော့​ဘူး​ ဆိုတဲ့​အ​ပေါ်မှာလည်း​ ​လေး​နက်မှု ​တွေ့ရတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့နိုင်ငံဟာ တဖက်က ကြည့်​မယ်ဆိုရင် မိုး​လင်း​ဖို့ အလင်း​ရောင်​လေး​တွေ အလိုလိုမြင်​နေရတဲ့​သ​ဘောလို့  ဥပမာ အ​နေနဲ့​ ​ပြောလိုပါတယ်။”

0 မှတ်ချက်များ for "အစိုး​ရဘက်က အမျိုးသား​တန်း​တူ​ရေး​နဲ့ ကိုယ်ပိုင်ပြဌာန်း​ခွင့်​ကို နား​လည်လာတဲ့​ပုံရှိတယ်။ ဒါ​ပေမယ့်​ ​ဝေါဟာရအပိုင်း​မှာ​တော့​ အထိုက်အလိုက်ကွာဟမှုရှိတယ်။ ​ယေဘုယျ သ​ဘောက​တော့​ လက်ခံလာ​နေတဲ့​ အ​နေအထား​မျိုးဖြစ်​နေတော့ ​တော်​တော်​လေး​ ​ကောင်း​တဲ့​ အလား​အလာလို့ မြင်တယ်။"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++