ရှရှားဗုံးကြဲလေယာဉ် ၂စင်း အမေရိကန် ပိုင်နက်ထဲ ၀င်ရောက်
ရုရှားဗုံးကြဲ လေယာဉ် ၂ စင်းသည် အမေရိကန်
နိုင်ငံ၏ ပိုင်နက်နယ်မြေ အတွင်းရှိ ဂူအမ်ကျွန်းစု အပေါ်ပိုင်း ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့ သဖြင့် အမေရိကန် လေတပ်မှ F-15 ဂျက်တိုက် လေ ယာဉ် ၂ စင်းဖြင့် နောက်ယောင်ခံ လိုက်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာ န ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကင်ဘန်ဒါက CCTV သ တင်းဌာနသို့ ပြောကြား ခဲ့သည် ဟု ဖေဖော်ဝါရီလ ၁၈ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။

ရုရှား ဗုံးကြဲလေယာဉ် ၂ စင်းသည် TU-95 အမျိုးအစား လေယာဉ် ၂ စင်း ဖြစ်ကြောင်း ဘန်ဒါက ပြောကြား ခဲ့သော်လည်း အဆိုပါ ဗုံးကြဲလေယာဉ် ၂ စင်းတွင် နျူကလီးယား ထိပ်ဖူးများ တပ်ဆင် ထားခြင်းရှိ၊ မရှိနှင့်
လေယာဉ်ပုံစံ တို့နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။
လေယာဉ်ပုံစံ တို့နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။
သမ္မတ အိုဘားမား အနေဖြင့် နိုင်ငံတော်သို့ မိန့်ခွန်း ပြောကြားမှု မတိုင်မီ အဆိုပါ ဖြစ်စဉ် ပေါ်ပေါက် ခဲ့ခြင်း
ဖြစ်ပါသည်။
ဖြစ်ပါသည်။
ရုရှား ဗုံးကြဲ လေယာဉ် ၂ စင်းတွင် နျူကလီးယား ထိပ်ဖူးတပ် ခရုဇ် ဒုံးပျံများ တပ်ဆင်ထားကြောင်း Washington Free Beacon သတင်း ဌာနက ဖော်ပြ ခဲ့ပါသည်။ သို့ရာတွင် အဆိုပါ ဖြစ်စဉ် အပေါ် ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက ငြင်းဆို ခဲ့ပါသည်။
ပစိဖိတ် သမုဒ္ဒရာ အတွင်း၌ ရုရှား နိုင်ငံ၏ မည်သည့် ဗုံးကြဲ လေယာဉ်မျှ ပျံသန်းမှု မရှိကြောင်းနှင့် ဗုံးကြဲလေယာဉ် အမောင်းသင် လေ့ကျင့်မှု များအား ရုရှား နိုင်ငံတွင်သာ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
0 မှတ်ချက်များ for "ရှရှားဗုံးကြဲလေယာဉ် ၂စင်း အမေရိကန် ပိုင်နက်ထဲ ၀င်ရောက်"