မြန်မာတွင် မြေမြုပ် မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၃ဝဝဝ နီးပါးရှိ
မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၃၀ဝ၀ နီးပါးရှိနိုင်ကြောင်း မိုင်းအန္တရာယ် ရှင်း လင်း ကူညီရေး အသင်း မှ ဥက္ကဌ ဦးစော မိုးမြင့်က
ပြောသည်။
ပြောသည်။
ဦးစောမိုးမြင့်က ''မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ခန့်မှန်းရသလောက် တော့ မိုင်းကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၃ဝဝဝ နီးပါး ရှိနိုင်ပါတယ်။
မိုင်းထိခိုက် မှုကြောင့် သွားလာနိုင်မှုမရှိတဲ့ ထိခိုက် ဒဏ်ရာရနေတဲ့ သူတွေကို ခြေတုလက်တု တွေတပ် ဆင်ပေး သွားမှာပါ။ အဲဒီအတွက် မတ်လလောက်မှာ စတင်ပြီး စာရင်း ကောက်သွားမှာပါ'' ဟု ပြောသည်။
အဆိုပါအသင်း အနေဖြင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများစာရင်းကို ကရင်ပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့အသင်းအနေနဲ့ အဓိကကတော့ မိုင်းကြောင့်ဒုက္ခခံစားနေ ရတဲ့သူတွေကို သွားဖို့လာဖို့နဲ့ မိုင်း အန္တရာယ် ကြောင့် ဒေသတွေကို စွန့်ခွာသွားတဲ့သူတွေကို စိုက်ပျိုးရေးမှာ ပြန်လည်လုပ်ကိုင်လာ နိုင်အောင် လို့ပါ။ မိုင်းကြောင့် နေရပ်တွေကိုစွန့်ခွာသွားတဲ့သူတွေ မနည်းဘူး''ဟု ဦးစောမိုး မြင့်က ပြော ကြားခဲ့သည်။
ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်း အသုံးမပြုရေး နိုင်ငံပေါင်း၈ဝကျော် လက် မှတ်ရေးထိုးထားသော်လည်း မြန် မာနိုင်ငံအနေဖြင့် ပါဝင်မှု မရှိသေး ကြောင်းနှင့် မြေမြုပ်မိုင်းတစ်လုံးဖြစ်ရန်မှာ ကန်ဒေါ်လာသုံးဒေါ်လာမှ ၃ဝ အထိသာ ကုန်ကျသော်လည်း မြေမြုပ်မိုင်းရှင်းလင်းရန်မှာ မိုင်းတစ်လုံးအတွက် ကန် ဒေါ်လာ၃ဝဝမှ ၁ဝဝဝ အထိ ကုန်ကျကြောင်းသိရသည်။
စစ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးဖြစ်ခဲ့သူ ဦးမောင်မောင်က 'ကျွန် တော်တို့ မိုင်းထောင်တဲ့ အထဲမှာလဲ ပါတယ်။ မိုင်းရှင်း တဲ့အထဲ မှာလဲ ပါချင်တယ်။ ဒါကြောင့် အသင်းထဲကိုဝင်ခဲ့တာပါ''ဟု ပြောသည်။
အဆိုပါအသင်းအနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်း၊ မိုင်းနှင့်ပတ်သက် သော အသိပညာပေးရေးလုပ်ငန်း၊ မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ကို ခြေတုလက်တုနှင့် ဝှီးချဲများစီစဉ်ပေးခြင်းလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း များကို ဖော်ဆောင်ပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ဦးစောမိုးမြင့်က ''ဒီလိုမြေမြုပ်မိုင်းရှိခြင်းကြောင့် လယ်ယာစိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး လုပ်ငန်း တွေမှာ အဟန့်အတား ဖြစ်စေပါ တယ်။ ဒီမှာမြေမြုပ်မိုင်းကြောင့် ဒေသကိုစွန့်ခွာပြီး အိမ်နီး ချင်းနိုင်ငံ တွေမှာသွားရောက် လုပ်ကိုင်နေကြ ရပါတယ်။ ဒါတွေက တိုင်းပြည်အတွက် အလုပ်ရှားပါး မှုနဲ့ ဒေသဖွံ့ဖြိုရေး အားနည်းမှုတွေကို ဖြစ်စေပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံတွင်း မြေမြုပ်မိုင်းရှိသောနေရာများမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူး အရှေ့ခြမ်း၊ ချင်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့ ဖြစ်ကြောင်းသိရသည်။


0 မှတ်ချက်များ for " မြန်မာတွင် မြေမြုပ် မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၃ဝဝဝ နီးပါးရှိ"