မက်ဆီကို ရပ်တန့်စေချင်ရင် သေနတ်နဲ့မှပဲ ရလိမ့်မယ် ကွန်တီဂျူဗီ နည်းပြ ပြော

လီယွန်နယ် မက်ဆီကို ပြိုင်ဘက် အဖြစ် ရင်ဆိုင်ရသော အသင်း တစ်သင်းသည် ၎င်းကို တားဆီးရန် အတွက် သေနတ်ဖြင့် ခြိမ်းခြောက်ရန် တစ်နည်းသာ ရှိကြောင်း ဂျူဗင်းတပ် အသင်း နည်းပြ အန်တိုနီယို ကွန်တီက မှတ်ချက်ပြု ပြောဆို လိုက်သည်။



အသက် (၄၃)နှစ်ရှိ အီတလီသား နည်းပြကြီးက မိမိသည် ဘာစီလိုနာ တိုက်စစ်မှူး၏ ပရိသတ် တစ်ဦးဖြစ်ကြောင်းလည်း ဝန်ခံ ခဲ့သည်။ အဆိုပါ အာဂျင်တီးနား လက်ရွေးစင် သည် ယနေ့ညတွင် အီတလီ၌ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် အေစီမီလန် ကို ရင်ဆိုင် ကစားမည် ဖြစ်သည်။ ကွန်တီက မိမိသည် အီတလီ ကလပ် အသင်း တစ်ခုဖြစ်သော မီလန်ကို ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်စေလိုသည့် ဆန္ဒ ရှိသော်လည်း မက်ဆီကို ထိန်းချုပ်ရန် ကိစ္စမှာ မလွယ်ကူ သဖြင့် အလားအလာ နည်းပါးကြောင်း မှတ်ချက်ပြု ခဲ့သည်။

“မက်ဆီကို ဘယ်လို တားရမလဲ ဆိုရင် သေနတ်နဲ့ပဲ ချိန်ထားပေါ့” ဟု ကွန်တီက သတင်းထောက် များအား ရယ်ရယ်မောမော ပြောဆို ခဲ့သည်။ ၎င်းက “မီလန် နောက် တစ်ဆင့် တက်ပါစေ လို့ ကျွန်တော် မျှော်လင့်တယ်။ ဒါမှလည်း အီတလီ ကလပ်တွေ Coefficient ရမှတ် တိုးမှာပေါ့”ဟု လည်း ဆိုသည်။ ၎င်းက ယခုဆောင်း ရာသီ ဈေးကွက် အတွင်း မာရီယို ဘာလော့တယ်လီ ကို ခေါ်ယူနိုင် ခဲ့သည့် မီလန်သည် ဂျူဗင်းတပ်ကို စီးရီးအေ ချန်ပီယံဆု အတွက် ခြိမ်းခြောက်နိုင်စွမ်း ရှိလာကြောင်းလည်း ဝန်ခံ ခဲ့သည်။

“ဘာလော့တယ်လီ ရှိလာတဲ့ မီလန်ဟာ စကူဒက်တို ဖလားကို ရယူနိုင်စွမ်း ရှိလာ ပါတယ်။ ခုချိန် မှာတော့ ချန်ပီယံလု ပွဲဟာ ဆက်ပြီး ရှည်ကြာနေဦး မယ်လို့ ကျွန်တော် ထင်ပါ တယ်” ဟု ကွန်တီ က ပြောကြား သွားသည်။

0 မှတ်ချက်များ for "မက်ဆီကို ရပ်တန့်စေချင်ရင် သေနတ်နဲ့မှပဲ ရလိမ့်မယ် ကွန်တီဂျူဗီ နည်းပြ ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++