ကျောင်းသွားရန် အလှမ်းဝေးခြင်းက ကျောင်းနေ မှုနူန်းနိမ့်ကျစေ
အခြေခံပညာကျောင်းအချို့သည် ကျောင်းသား များနှင့် အလှမ်းကွာသောနေရာတွင် တည်ရှိနေခြင်း
ကြောင့် ကျောင်းသွားရန်ခက်ခဲမှုသည် ကျောင်းနေ မှုနှုန်းကို နိမ့်ကျစေကြောင်း မြန်မာနိုင်ငံဘက်စုံလွှမ်း ခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးစာ တမ်း တွင် ဖော်ပြထားသည်။
မြို့ပေါ်တွင် ကျေးလက်နှစ်ခုလုံးတွင် ဆင်းရဲသော မိသားစုမှ ကလေးများသည် ကျောင်းနေနှုန်း အစဉ် နိမ့်ကျနေပြီး ကျောင်းသွားရန် အလှမ်းဝေးနေခြင်းက အခက်အခဲတစ်ခုဖြစ်နေကြောင်း အဆိုပါစာတမ်း တွင် သုံးသပ်ထားသည်။
ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် မူလတန်းကျောင်းသားများ၏ မူလတန်းကျောင်းသားများ၏ လေးဦး လျှင် တစ်ဦးသည် ကျောင်းအကွာအဝေးကြောင့် လက်လှမ်းမီမှုမရှိဘဲ ရခိုင်ပြည်နယ်နှင့် မကွေး တိုင်းဒေ သကြီးတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ၏ လေးဦးလျှင် တစ်ဦးသည် ကျောင်းနှင့် အလှမ်းဝေးနေကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ မူလတန်းကျောင်းသား ၁ဝ ဦးအရ မူလတန်းကျောင်းသား ၁ဝ ဦးလျှင် တစ်ဦးမှာကျောင်းနှင့် အလှမ်းမမှီသော အကွာအဝေးတွင်နေထိုင်ကြပြီး အလယ်တန်းနှင့် အထက် တန်းကျောင်းသားသုံးဦးလျှင် နှစ်ဦးသည်ကျောင်းနှင့် လက်လှမ်းမမှီသော အကွာအဝေးတွင် ရှိနေ ကြောင်း ဖော်ပြထားသည်။
"ဆက်သွယ်ရေး လမ်းကြောင်းတွေ ခက်ခဲနေတယ်။ အလွယ်တကူသွားလာနိုင်မယ့် ကျေးရွာခြင်း ဆက် လမ်းတွေဖောက်လုပ်ပေးဖို့ လိုအပ်နေတယ်" ဟု အခြေခံပညာဝန်ထမ်းတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ရပ်ကွက်နှင့်ကျေးရွာစုစုပေါင်း၏ ၆ဝ ရာခိုင်နှုန်းနီးပါးတွင် အခြေခံပညာရေးကျောင်း များ ဖွင့်လှစ်ထားပြီးဖြစ်ကာ အထက်တန်းအဆင့်တွင် မိန်းကလေးကျောင်းသူပါဝင်နှုန်း သိသာစွာ မြင့်မားနေ
ကြောင်း အထက်ပါ ပညာရေးစစ်တမ်းတွင် ဖော်ပြထားသည်။

0 မှတ်ချက်များ for "ကျောင်းသွားရန် အလှမ်းဝေးခြင်းက ကျောင်းနေ မှုနူန်းနိမ့်ကျစေ"