ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့် သုံးစွဲမည်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ တစ်နိုင်ငံ လုံးမှာရှိတဲ့ အစိုးရဆေးရုံတွေ အတွက် အရင်နှစ် ကထက် (၁၄) ဆ အထိတိုးပြီး ကျပ်ငွေ ဘီလီယံ (၅၀) အထိ ဆေးဝါးပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ရှိ တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြည်
ထောင်စု လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျန်း မာရေးဆိုင်ရာ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ကျန်း မာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေ သက်ခင်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူ သင်းရဲ့ မေး ခွန်းကို ပြန်လည်ဖြေကြားရင်း ပြောခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူ သင်းက နိုင်ငံတော်က ကျန်းမာရေးအတွက် ဘတ်ဂျက်ကို အတိုင်းအတာတစ်ခုအထိ တိုးပေးထားပေမယ့် အစိုးရဆေးရုံတွေမှာ ဆေးဝါးလုံလောက်မှုမရှိတာတွေကို တွေ့ရှိနေရတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ဆောင်ရွက်မှုတွေကို မေးမြန်းခဲ့တာပါ။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ ဆေးဝါးပစ္စည်းဝယ်ယူဖို့ အတွက် (၃.၅) ဘီလီယံ အသုံးပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

0 မှတ်ချက်များ for "ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့် သုံးစွဲမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++