**မငိုပါနဲ့ မောင်လေးရယ်**


မငိုပါနဲ့ မောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
ဗိုက်ဆာနေလို့ ငိုနေတာလားမောင်လေးရယ်
မုန့် စားကျောင်းဆင်းရင်
ဆရာမဆီကမုန့် တောင်းကျွေးပါ့မယ်
မျက်ရည်တွေမကျပါနဲ့ လားမောင်လေးရယ်
မောင်လေးငိုတော့
မမလည်းငိုချင်တယ်ကွယ်..။

အို အေ အေ အို
အငိုရယ်တိတ်ပါတော့လားကွယ်
မမစာတွေကျက်ရဦးမယ်
မမစာတွေတွက်ရဦးမယ်
စာမပြီးရင်ဆရာမကရိုက်လိမ့်မယ်..။

မငိုပါနဲ့ မောင်လေးရယ်
အိပ်ပါတော့ကွယ်
အိပ်ယာကနိုးရင်
မမကွန်းပိုးလို့ ဆော့ကစားပေးပါ့မယ်
မမစာတွေလုပ်ရဦးမယ်မောင်လေးရယ်
မမပညာတတ်ကြီးဖြစ်ချင်တယ်ကွယ်
ပညာတတ်မှ မမတို့ လူရာဝင်မယ်
လူရာဝင်မှ လူရာသွင်းခံရမယ်
လူရာသွင်းခံရမှ လူပီသနိုင်မယ်
လူပီသနိုင်မှ လူသားတာဝန်ကျေပွန်နိုင်မယ်ကွဲ့ ..။

မငိုပါနဲ့ မောင်လေးရယ်
အငိုနဲ့ စပြီးအငိုနဲ့ အဆုံးသတ်တဲ့ဘ၀ခရီးမှာ
အပူမီးတွေကိုအပြုံးမပျက်ဘဲ
ငြိမ်းသတ်နိုင်ရမယ်ကွဲ့ 
နေတတ်ရင်ကျေနပ်စရာပါမောင်လေးရယ်
ဘာအားငယ်စရာလိုလဲကွဲ့ 
အမှိုက်ပုံထဲစွန့် ပစ်ခံရတဲ့ကလေးတွေထက်စာရင်
မောင်လေးအများကြီးကံကောင်းပါတယ်ကွယ်
မောင်လေးဘေးမှာ မမရှိနေသေးတယ်..။

မငိုပါနဲ့ မောင်လေးရယ်
မောင်လေးရဲ့ငိုရှိုက်သံဟာ
မမရင်ကိုထိခိုက်စေလို့ ပါကွယ်
တင်းထားတဲ့အားတွေ
ကျိတ်ထားတဲ့အံတွေ
တားဆီးထားတဲ့မျက်ရည်တွေ
တာလိုကျိုးလာအောင်
ငိုသံတွေကိုမပျိုးပါနဲ့ လားမောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
မောင် လေး ဘေး မှာ
မ မ ရှိ နေ ပါ တယ် ကွယ် ....။

(ပုံလေးကိုခံစားရေးဖွဲ့ ပါတယ်ရှင်)
ချစ်ခင်လေးစားလျှက်
ဆုဂျေ

1 မှတ်ချက်များ for "**မငိုပါနဲ့ မောင်လေးရယ်**"

  1. ခက်ခဲတဲ့ လောက
    ဒေါသတွေနဲပြောကြလို့
    ပြီးနိုင်တော့ဘူးလား
    မောလှပါပြီ အများတကာ
    မျက်ရည်တွေကြား ငါလဲ
    ယောင်ဝါ၀ါး ငိုခဲ့ရတယ်
    အိုကွယ် ကလေးရယ်
    မင့် အမဆိုသလို
    အငို တိတ်ပါတော့လား

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++