ရှမ်းပြည်နယ် တပ်မတော် (မြောက်ပိုင်း) နယ်မြေ၌ တိုက်ပွဲ ဆက်ဖြစ်နေဆဲ
ယခင်အပတ်က စတင်ဖြစ်ပွားခဲ့သည့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင် စီနှင့် မြန်မာအစိုးရတပ် မတော်အကြား တိုက် ပွဲများရပ်တန့်ရန် စနေနေ့က သမ္မတ ထပ်ညွှန်ကြားသော်လည်း တိုက်ပွဲ ကြိုကြား
ဖြစ်နေသေးကြောင်း သျှမ်းပြည်တပ်မတော် သတင်း ရပ်ကွက်ကဆိုပါသည်။
ဖေဖော်ဝါရီလ ၂၃ ရက် သမ္မတကြီးထံ SSPP/SSA မှ အချက် ၆ ချက်ပါ စာတစောင်ပေးပို့လိုက်ပြီးနောက် ပိုင်း မြန်မာအစိုးရ ၏ စစ်တပ်များ တပ်ဆုတ်မည့် ဟန်ဖြင့် လှုပ်ရှားနေသော်လည်း တကယ်တပ်ဆုတ် မည့်ဟန်မဟုတ်ဘဲ စစ်ရေးဗျူဟာအရ မျက်လှည့်နေခြင်းဖြစ်နိုင်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီမှ အကြီးအကဲတဦးကပြောသည်။
“သောကြာနေ့က သမ္မတကြီးဆီစာပို့ပြီးတဲ့နောက်ပိုင်း ရမခ တိုင်းမှူးက သူတို့လူ အလောင်း တွေကိုပြန်
ကောက် မှာမို့လို့ ခြုံခိုတိုက်ခိုက်ခြင်းမပြုဖို့ ကျနော်တို့ လားရှိုးရုံးထိုင်တဲ့အရာရှိကိုအကြောင်းကြားလာတယ်။ ဒါပေမယ့် လူနာဘဲ ကောက်ဖို့ မဟုတ်ဘူး၊ တပ်စခန်းနားကိုချဉ်းကပ်ဖို့လာနေတာလဲတွေ့ရတယ်။ မိုင်းရှူးမြို့ နယ် မိုင်းအောတ် ဘက်လဲ စကခ ၂ လက် အောက်ခံတပ်တွေက အင်းအားဖြည့်လှုပ်ရှားနေတာတော့တွေ့ရ တယ်။ အခု ဝမ့်လွယ်ရွာအနီးဘက်မှာ စစ်ရေးတင်းမာမှု ပိုများလာနေတယ်။ အဲဒီ့ဘက်လဲ တိုက်ပွဲထပ်ဖြစ် ရင်တော့ ရက်ရှည်သွားမှာသေချာတယ်။ ” SSPP/SSA အရာရှိတဦးကပြောသည်။
ယခုလ ၁၈ ရက်နေ့က ရမခတိုင်း ရလခ တိုင်း နှင့် ရမခ တိုင်းအောက်မှ စစ်ယာဉ်တန်းများ သျှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA ထိန်းချုပ်နယ်မြေဘက်အင်အားပို့ဆောင်ပြီးနောက် အဆိုပါ ၁၈ ရက်နေ့တွင် တိုက်ပွဲ တကြိမ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ၂ ကြိမ် တိုက်ပွဲဖြစ် ပွါးခဲ့ကြောင်း ဆိုပါသည်။
“ အစိုးရတပ်ကတော့ ဖေဖော်ဝါရီ ၂၆ ရက်မှာရောက်လာမယ့် အမေရိကန် DEA အဖွဲ့ကို လုံခြုံရေးယူပေး ဖို့ဆိုဘဲ။ အဲဒါနဲ့ ကျနော်တို့ရဲ့ ဒီဒေသမှာရှိတဲ့ စခန်းတွေကို တပ်မ ၂ ခုနဲ့ညှပ်ပြီးဖယ်ထုတ်ဖို့ စီစဉ်တာလို့ကြား ရတယ်။ ဒါကြောင့် DEA ဟယ်လီ ကော်ပတာကို မိုင်းကောင်အုပ်စု အရှေ့ဘက် ပန်ဖီမှာဆင်းမယ်လို့ သူတို့ပြောလာတယ်။ အဲဒီပန်ဖီဆိုတာ လျှိုကြီးလေ။ ဘယ်လိုလုပ်ဆင်းနိုင်မလဲ။ သူတို့ရဲ့အကြောင်းပြချက်ပေါ့၊ DEA တကယ်လာရင်တော့ ညှိယူလို့ရတယ်။ ကျနော် တာဝန်ယူပေးလို့ရတာပဲ” ဟု အဆိုပါအရာရှိကပြော ပါသည်။
သမ္မတကြီးထံလိပ်မူသည့် “ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းရပ်စဲသွားနိုင်ရေးအတွက် တင်ပြ
ခြင်း” စာ တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA အနေဖြင့် ငြိမ်းချမ်းရေးကို အမှန် တကယ်လိုလား မှုကြောင့် ၂၀၁၂ က အစိုးရ၏တောင်းဆိုချက်ကြောင့်မိမိတို့၏ တပ်စခန်း ၃ ခုကိုတပ် ဆုတ်ပေးလိုက်ရကြောင်း၊ ယခုလည်းဘဲ မိမိတို့ တပ်မတော်သည် တန့်ယန်းမြို့နယ် လွယ်လန်း
တောင်ကြော၊ နမ့်လပ်-နမ့်ပန်-ပန်ဟုန်းတောင်ကြော၊ တောင်ဇင်-လွယ်ချိုတောင်ကြော၊ လွယ်စေးတောင်
ကြောတို့တွင် အခြေပြုလှုပ်ရှားနေကြောင်း၊ထိုကြောင့် မိမိတို့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ အမြန်ဆုံးရပ်ဆိုင်းပေးစေလိုကြောင်း တောင်းဆိုသည် - အစရှိသဖြင့်ပါရှိပါသည်။

0 မှတ်ချက်များ for "ရှမ်းပြည်နယ် တပ်မတော် (မြောက်ပိုင်း) နယ်မြေ၌ တိုက်ပွဲ ဆက်ဖြစ်နေဆဲ"