မြန်မာတက္ကသိုလ် တွင် အရည်အသွေး အာမခံတဲ့စနစ် တည်ထောင် သွားမည်
မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၌ အရည်အသွေး အာမခံ မှု (Quality Assurance) စနစ်ကို တည်ထောင်၍
ကျောင်းသားများ လိုအပ်နေသော အရည်အသွေးရှိ အဆင့်မြင့်ပညာရေးကို သင်ကြားပေးရန် လိုအပ်နေ
ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက် တာမျိုးမြင့်က ပြောသည်။
ကျောင်းသားများ လိုအပ်နေသော အရည်အသွေးရှိ အဆင့်မြင့်ပညာရေးကို သင်ကြားပေးရန် လိုအပ်နေ
ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက် တာမျိုးမြင့်က ပြောသည်။
တက္ကသိုလ်များတွင် စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းရန်နှင့် တက္ကသိုလ်အလိုက် စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းရန် တာဝန်ပေးသွားမည်ဖြစ်ပြီး ပြည်တွင်းတက္ကသိုလ်များ၏ ဒီဂရီ၊ ဒီပလိုမာနှင့် ပညာရေးလက်မှတ်များကို နိုင်ငံ တကာ တက္ကသိုလ်နှင့် ပညာရေး အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုရရှိရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) နှင့် ပူးပေါင်းပြုလုပ်သော အဆင့်မြင့်ပညာရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဒုဝန်ကြီးက ဆိုသည်။
“မြန်မာနိုင်ငံမှာ အရည်အသွေး အာမခံမှုစနစ်ကို တည်ထောင်သွားဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ ကျောင်းသားတွေ လိုအပ်နေတဲ့ အရည်အသွေးရှိ အဆင့်မြင့်ပညာရေးကို သင်ကြားပေးဖို့တင် မဟုတ်ဘဲ နိုင်ငံတကာတက္ကသိုလ်နဲ့ ပညာရေး အဖွဲ့အစည်းတွေ ပြည်တွင်းတက္ကသိုလ်တွေက ဒီပလိုမာ၊ ဒီဂရီနဲ့ ပညာရေး လက်မှတ်တွေကို အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးမြင့်က ပြောသည်။
လက်ရှိအချိန်တွင် ပြည်တွင်းတက္ကသိုလ်များသည် အာဆီယံ တက္ကသိုလ်ကွန်ရက် အရည်အသွေး အာမခံမှု (AUN-QA) အဖွဲ့နှင့် ချိတ်ဆက်၍ အရည်အသွေး အာမခံမှုစနစ် တည်ထောင်နိုင်ရန် ဆောင်ရွက်နေသည်။
အရည်အသွေး အာမခံမှုစနစ် တည်ထောင်ပြီးပါက ကျောင်းသားနှင့် ပညာရေး ဝန်ထမ်းများ ဖလှယ်ရေး အစီအစဉ်များကို နိုင်ငံတကာ တက္ကသိုလ်များနှင့် တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။
မြန်မာကျောင်းသားများ အနေဖြင့် နိုင်ငံတကာ တက္ကသိုလ်များတွင် သွားရောက် ပညာသင်ယူရာ၌ ပြည် တွင်း ပညာရေးသည် အရည်အသွေး အာမခံမှု မရှိခြင်းကြောင့် နစ်နာမှုများ ရှိနေသည်။
“အင်ဂျင်နီယာတို့၊ ဆေးပညာတို့နဲ့ ဘွဲ့ရထားတဲ့ ကျောင်းသားတွေလည်း နိုင်ငံခြားမှာ ပညာသွားသင်ရင် အသိအမှတ် မပြုတာ ရှိတော့ နစ်နာနေတယ်။ ဒီဘက်က ဘွဲ့ရထားပေမယ့်လည်း တိုက်ရိုက် အသိအ မှတ်ပြုတာက မရှိဘူး ဖြစ်နေတယ်” ဟု နိုင်ငံတကာ ပညာရေး ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
အဆင့်မြင့်ပညာရေး ကဏ္ဍတွင် တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်ထားသည့် ဝန်ကြီးဌာနများမှ ပညာရှင် များ ပါဝင်သော တရားဝင် အသိအမှတ်ပြု အဖွဲ့အစည်း (Accreditation Body) တစ်ခုကို ဖွဲ့စည်း၍ သက်ဆိုင် ရာ ပညာရပ် နယ်ပယ်အလိုက် သင်ကြားရေး အစီအစဉ်များ၏ အရည်အသွေး အာမခံချက်ကို စိစစ်တင်ပြ သွားရန် ဆောင်ရွက်နေကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


0 မှတ်ချက်များ for " မြန်မာတက္ကသိုလ် တွင် အရည်အသွေး အာမခံတဲ့စနစ် တည်ထောင် သွားမည်"