အချိန်တိုအတွင်း ငွေကြေးသက်သာစွာဖြင့် ယာယီပတ်စပို့ လုပ်နိုင်တော့မည်

ထိုင်းနိုင်ငံ၌ မြန်မာယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေး
ရေးရုံး (၁၁) ရုံးထားရှိမည်ဖြစ်ပြီး လာမည့် ဖေဖေါ် ဝါရီလ ၁၅ ရက်နေ့မှ စတင်ဆောင် ရွက်ပေးမည့် ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ ထုတ်ပေးရေး အစီအစဉ်သစ်များကို ၃ လ အတွင်းအပြီးဆောင် ရွက်မည်ဟု သိရသည်။

“အရင်ကလုပ်ပြီးသွားတဲ့သူတွေက အစိုးရနဲ့ မှတ်ပုံတင် ထားပြီးတော့ ပုံစံ ၃၈ တင်ထားပြီးတဲ့သူ တဲ့သူ တွေဖြစ်တယ်၊ အခုအစီအစဉ်သစ်နဲ့ လုပ်မယ့် ပတ်စပို့ဟာ အလုပ်လုပ်ခွင့်ပါမစ်ရော ပက်စပို့စာအုပ်ပါ တပြိုင်တည်းရမှာ ဖြစ်တယ်၊ ကလေးတွေကိုလည်း တရား ဝင်နေထိုင်ခွင့် သတ်မှတ်ပေးမယ်” ဟု ပတ်စပို့စ် ဝန်ဆောင်လုပ်ငန်း လုပ်ကိုင်နေသူ ကိုသီဟက ပြောသည်။

ယခုအခါ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန်အတွက် ဘတ်ငွေ ၅၅၀ ကောက်ခံရန် မြန်မာအစိုးရ ဘက်က စီစဉ်ထားပြီး ထိုင်းဘက်ကလည်း ဗီဇာကြေး၊ ဆေးဝါးခ၊ စာရွက်စာတမ်းကြေး၊ စသည်တို့ ကိုလျှော့ချ ပေးရန် မြန်မာအလုပ်သမား ဝန်ကြီးဌာနက တိုက်တွန်းထားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား အလုပ်သမား ၁၀ သိန်းကျော်ရှိနေ သည်ဟု အလုပ်သမားအရေး လှုပ်ရှားသူများ ခန့်မှန်းနေကြပြီး အလုပ်သမားများအားလုံး ယာယီပတ်စပို့ ပြု လုပ်၍ တရားဝင်နေထိုင်ရန် ကြိုးပမ်းမှုတရပ်ဟု သိရသည်။

အနယ်နယ်ရပ်ရပ်မှာရှိသော တိုင်းရင်သား အလုပ်သမားများ ပတ်စပိုစ်မရှိသေးသောလူများ ယခုအခွင့် အရေး ကို လက်မလွတ်မစေကြောင်း၊ ငွေကြေးအနေအထားနှင့် တွက်ချက်ကြည့်ပါက ဘတ်တစ်သောင်း အထက် မရှိပါကြောင်း၊ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသူများ ထိုင်းဘတ်ငွေ ၁၃၀ဝ၀ ခန့်ပေး ဆောင်နေရသည်ဟုလည်း ကိုသီဟက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို ၂၀ဝ၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ် နှစ်ကုန်အထိ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ပြည်ပထွက် အလုပ်လုပ်ကိုင်သူ အလုပ်သမားများ အား သက်သေခံကတ် ထုတ်ပေးပြီး ဦးရေ ၁,၂၃၁,၄၂၆ ဦး ရှိသည်ဟု သတင်းမှတ်တမ်းများ တွင် ရေး သားဖေါ်ပြကြသည်။

မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ပွဲစားခမတန်တဆ ကြီးမြင့်နေကြောင်းနှင့် ပွဲစားမပါ တိုက်ရိုက်ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်နေသည်ဟု မြန်မာ အလုပ်သမားညွန်ကြားရေး ဦးစီးဌာနညွန်ကြားရေးမှူးချူပ် ဦးမျိုးအောင်က သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

အထောက်အထားမဲ့ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကဲ့သို့ တရားဝင်အထောက် အထားများ ကိုင်ဆောင်ထားနိုင်မှသာ ၄င်းတို့၏ရပိုင်ခွင့်များအား ခံစားနိင်မှာဖြစ်ပြီး အလုပ်ရှင်များ ၏ ခေါင်းပုံဖြတ် အသုံးချမှုမှ လွတ်ကင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးများကို ချင်းမိုင်၊ ချင်းယိုင်၊ ပထုန်ဌာနီ၊ စမူ ပရာကန်၊ မဟာချိုင်၊ လယောင်၊ ခွန်ခန်၊ စူရဌာနီ၊ ရနောင်း၊ မဲဆောက်နှင့် ကန်ချနဘူရီတို့တွင် ဖွင့်လှစ်မည် ဖြစ်သည်။
http://burmese.bnionline.net/index.php/news/imna/13080-2013-02-13-16-28-08.html

0 မှတ်ချက်များ for "အချိန်တိုအတွင်း ငွေကြေးသက်သာစွာဖြင့် ယာယီပတ်စပို့ လုပ်နိုင်တော့မည် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++