မန်ယူကို ပေးဂိုး မရှိဘဲ အနိုင်ကစားထားဖို့ မျှော်လင့်ကြောင်း ဟီဂူရင်း ပြော

အာဂျင်တီးနား လက်ရွေးစင် ကစားသမားက ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမ အကျော့ ပွဲစဉ်တွင် မန်ယူကို အိမ်ကွင်း အားသာချက်ဖြင့် အနိုင် ကစား ထားနိုင်ရန် ကြိုးစားမည်ဟု ဆိုသည်။ 

အထူးသဖြင့် ပွဲကို ထိန်းချုပ်ကာ အင်္ဂလန် ထိပ်တန်း ကလပ်ကို အဝေးဂိုး လုံးဝ သွင်းခွင့် မပေးဘဲ တားဆီးနိုင် ခဲ့ပါက အိုးထရက် ဖို့ဒ်တွင် မတ်လ (၅)ရက်နေ့၌ ကစားမည့် ဒုတိယ အကျော့ ပွဲစဉ် အတွက် အလွန် အလားအလာ ကောင်းသွားမည်ဟု ဟီဂူရင်းက ယုံကြည်နေသည်။ 

“နိုင်ဖို့က ဦးစားပေး ရည်မှန်းချက် ပါ။ ဂိုးမပေး ရရင်တော့ ပိုလှ သွားမှာပေါ့”ဟု ၎င်းက ဆိုသည်။

“ချန်ပီယံလိဂ်မှာ အဝေး ဂိုးတွေက အရေးပါတဲ့ ကဏ္ဍမှာ ရှိနေတာကို နားလည် ပါတယ်။ ကျွန်တော် ကတော့ ရီးယဲလ်မှာ နှစ်ရှည်လများ ကစားပြီး ခုလို ပွဲကြီး ပွဲကောင်းတွေ နွှဲခွင့်ရတာ သိပ်ကျေနပ် ပါတယ်”ဟု ဟီဂူရင်းက ပြောကြား ခဲ့သည်။

 ၎င်းသည် မန်ယူနှင့် ပွဲတွင် ပွဲထွက်နေရာ အတွက် ပြင်သစ် လက်ရွေးစင် ကီရင်ဘင်ဇီမာနှင့် ရင်ဆိုင် ရဖွယ် ရှိနေသည်။

 ၎င်းက မန်ယူ အသင်းကို အမှားစောင့်ပြီး တန်ပြန် တိုက်စစ်ဖြင့် ဒုက္ခပေးနိုင်ရန်လည်း မျှော် လင့်နေသည်။ “မန်ယူဟာ တကယ်ကောင်းတဲ့ အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ကလည်း ပြိုင်ဘက်ကို အများကြီး ဒုက္ခပေးနိုင်တယ်။ ရီးယဲလ်မှာ တစ်ဦးချင်းစီ ကစားတာ ကောင်းသလို တန်ပြန် တိုက်စစ် ကလည်း အပျံစား ပါပဲ”ဟု ဟီဂူရင်းက မှတ်ချက်ပြု သွားသည်။

0 မှတ်ချက်များ for "မန်ယူကို ပေးဂိုး မရှိဘဲ အနိုင်ကစားထားဖို့ မျှော်လင့်ကြောင်း ဟီဂူရင်း ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++