ကချင်းလွတ်လပ်ရေး တပ်မတော်ကို ဗမာ့တပ်မတေ်၏ ရန်စ ထိုးစစ်ဆင်ရဲ့ရလဒ်

ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ ဆန်းစစ်
ဝေဖန်သူ Anthony Davis ရဲ့ Asia Times မှာ ဇန်န ၀ါရီလ ၃၀ ရက်နေ့ ဖေါ်ပြထားတဲ့ စာစု ကို ဒီနေ့ ပဲ ကောင်းကောင်း ဖတ်ဖြစ်ပါတယ်။

 စိတ်ဝင်စား စရာ တော်တော်ကောင်းလို့ အတိုချုံး ဝေငှလိုက်တာပါ။

(၁) လိုင်ဇာ ထိုးစစ်ဆင်တဲ့ တိုက်ပွဲကို ၉ လ ကြို တင် ပြင်ဆင်မှုတွေနဲ့ စတိုက်ခဲ့တယ်။


(၂) မြန်မာ့ တပ်မတော် သမိုင်းမှာ ခေတ်အမီဆုံး နဲ့ အင်အား အများဆုံး ထုတ်သုံးတဲ့ တိုက်ပွဲ ဖြစ်တယ်။ (တပ်အင်အား = တပ်မ ၃၃၊ ၆၆၊ ၈၈၊ ၉၉၊ ၁၀၁ နဲ့ မြောက်ပိုင်းတိုင်း နယ်မြေခံ တပ်ရင်းများ၊ လက်နက်ကြီး ၁၀၅မမ၊ ၁၂၀ မမ၊ Mi-35 ရဟတ်ယဉ်၊ ဂျက် တိုက်လေယဉ်များ)


(၃) ထိုးစစ်ဆင်တဲ့ ဗျူဟာသည်၊ ၁၉၈၀ ကျော်တုန်းက ရုရှားက အာဖကန်မှာ တိုက်ခဲ့တုန်းက ဗျူဟာ နဲ့ ဆင်တူတယ်။ (လေယဉ်သုံးတဲ့ နည်း နဲ့ မြေပြင် တက်တဲ့ နည်းတွေမှာ တူတယ်။)


(၄) အပြင်းထန်ဆုံး တိုက်ပွဲကာလ ဒီဇင်ဘာ ၁၄ မှ ဇန်န၀ါရီလ ၂၄ အထိ။


(၅) ၂၀၁၁ ဇွန်လမှ နောက်ဆုံး အချိန်ထိ မြန်မာ စစ်တပ်ဖက်က ကျဆုံးသူ စာရင်း အနဲဆုံး ၅၀၀၀ လောက်ရှိ။ အမေရိကန် စစ်တပ်ရဲ့ အီရတ် နဲ့ အာဖကန်နစ္စတန် နှစ်နိုင်ငံ ကျဆုံး စာရင်းထက်များ။


(၆) မြန်မာ့ တပ်မတော် တပ်မှူးများရဲ့ စိတ်ဓါတ်ရေးရာ ကျဆင်းမှုများကို ဒီတိုက်ပွဲမှာ ရလဒ်အဖြစ် တွေ့ရ။ (အဂတိ လိုက်စားမှု၊ အမျိုးသမီး အပျော်ကျူးမှု၊ အရက်သေစာသောက်စားမှု၊ ကိုယ်ပိုင်စီးပွါးရေးမှာ စိတ်ဝင်စားမှု)။


(ရ) လိုင်ဇာ ပတ်ဝန်းကျင် တောင်ကုန်းများကို တပ်စွဲထားနိုင်တယ် ဆိုပေမယ့် တကယ်တန်း လိုင်ဇာ ကို ၀င်မယ် ဆိုရင်တော့ အခုလက်ရှိ ကျဆုံးမှု စာရင်းထက် ပိုတဲ့ ပေးဆပ်မှု မလွဲမတွေ ကြုံ တွေ့နိုင်ကြောင်း။


(ဂ) ဒီ စစ်ပွဲဟာ ကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တပ်လှန့်ထားသလို ဖြစ်။ အထူးသဖြင့် ၀ တပ်ဖွဲ့အတွက် ပိုပြီး ခိုင်မာတဲ့ ခံစစ်များအတွက် အကောင်းဆုံး ပြင်ဆင်မှု ပေးလိုက်ကြောင်း။


(၉) ကြည်း၊ လေ၊ လက်နက်ကြီး တပ်များကို စုပေါင်းပြီး စီမံခန့်ခွဲမှုမှာ ကျွမ်းကျင်မှု မရှိခြင်းကို တွေ့ရ။

 

0 မှတ်ချက်များ for "ကချင်းလွတ်လပ်ရေး တပ်မတော်ကို ဗမာ့တပ်မတေ်၏ ရန်စ ထိုးစစ်ဆင်ရဲ့ရလဒ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++