ရန်ကုန်တွင် ချင်းအမျိုးသားနေ့ ကျင်းပ
ယခင်အစိုးရလက်ထက်အဆက်ဆက်တွင် လွတ် လပ်စွာကျင်းပခွင့် မရရှိခဲ့သည့် ချင်းအမျိုးသားနေ့ကို အရှိုချင်းတိုင်းရင်းသားများက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့အကြိုအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကာ လွတ်လပ်ပြီး ချိန်မှစ၍ ချင်းဝိသေသတိုင်းမှ ပြည်နယ်အဖြစ် သတ်မှတ် ခဲ့သော ဇန်န၀ါရီလ ၃ ရက်နေ့ကိုသာ ချင်းပြည် နယ်နေ့အဖြစ် တရားဝင် သတ်မှတ်ကျင်းပခွင့်ရ ရှိခဲ့သည်။ ချင်းအမျိုးသားနေ့ကို ပြည်နယ်တွင်း၌ ကျင်းပခွင့်မပေးခဲ့ကြောင်း အရှိုချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က ပြောသည်။
“အမျိုးသားနေ့က ချင်းပြည်နယ်မှာ အများပြည်သူရွေးချယ်တဲ့ သူကြီးတွေကို စတင်ကျင့်သုံးတဲ့ စနစ်စခဲ့တာ အနှစ်သာရ ပိုပြည့်ဝပါတယ်” ဟု ဆိုသည်။
ချင်းအမျိုးသားနေ့ကျင်းပခြင်းနှင့် စပ်လျဉ်း၍ “ဒါရန်ကုန်မှာ ဒုတိယအကြိမ်ကျင်းပခဲ့တာပါ။ ဒီလိုကျင်း ပခြင်းကြောင့် စာပေ၊ ယဉ်ကျေးမှု ပိုမိုမြင့်မားစေမယ်လို့ ရည်ရွယ်ပါတယ်” ဟု အရှိုချင်း စာပေနှင့် ယဉ်ကျေးမှုယာယီကော်မတီ (ဗဟို) အတွင်းရေးမှူး (၂) ဆလိုင်းကျော်ထွေးက ပြောသည်။
အရှိုချင်း (မြေပြန့်) တိုင်းရင်းသားများသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင် အများဆုံးနေထိုင်ကြပြီး ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ သုံးသောင်းနှင့် ငါးသောင်းကြားရှိသည်။

0 မှတ်ချက်များ for "ရန်ကုန်တွင် ချင်းအမျိုးသားနေ့ ကျင်းပ"