ဖားကန့်ဒေသမှာ ဗမာအစိုးရ တပ်ဖွဲ့ ဝင်များက ခိုးဆိုးသောင်း ကျန်းနေ

တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသော ဖား ကန့် ဒေသ ဆိုင်းတောင် မော်ရှန်ကျေးရွာနှင့် ဂင် ဆီကျေးရွာတို့ တွင် ရွာသားများ အိမ်တွင်မရှိ ခိုက် ဗမာအစိုးရတပ်ဖွဲ့ ဝင်များမှ ကျေးရွာအတွင်း ၀င်
ရောက်ကာ အဖိုးတန်ပစ္စည်းများရှာဖွေမွှေနှောက် ယူငင်သွားကြကြောင်း သိရသည်။

 သော့ခတ်ထားသော သေတ္တာများ အိမ်များအား ရိုက်ချိုးဖျက်ဆီးကာ လိုချင်သော ပစ္စည်းမှန်သမျှ အဓမ္မ ယူငင်သွားကြကြောင်း ၊ မလိုချင်သော တန်ဖိုးမရှိသော ပစ္စည်းများအား မီးရှို့ ဖျက်ဆီး သွားကြောင်းသိရသည်။

အလားတူ အစိုးရတပ်များသည် ဖားကန့်  ဟောင်ပါးဒေသ တွင် ရွှေမော်ဖွင့်ကာ ရွှေတူးနေသော အရပ်သား များအား ရွှေကျင်စက် တစ်ခုလျှင် (၅၀၀၀၀)ကျပ် ၊ ဘက်ဟိုး တစ်စီးလျှင် ကျပ်(၁၀,၀၀၀၀၀) အတင်း အကျပ် ကောက်ခံလျှက်ရှိ နေကြောင်း ဒေသခံများက ပြောကြားသည်။


ထို့ အတူ အစိုးရတပ် စခက(ရ ) ၊ ခလရ( ၁၀၂) တပ်များသည် ဖားကန့် မှော်ဂလုန်ကျေးရွာရှိ ရွာသူရွာသား များအား တစ်အိမ်ထောင်လျှင် ကျပ်သုံးသောင်း မပေးမနေရ ကျေးရွာလူကြီး ဦးချိုဝင်းမှတဆင့်  ကောက် ခံခိုင်းနေကြောင်းလည်း သိရသည်။

0 မှတ်ချက်များ for "ဖားကန့်ဒေသမှာ ဗမာအစိုးရ တပ်ဖွဲ့ ဝင်များက ခိုးဆိုးသောင်း ကျန်းနေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++