ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတဲ့ အချစ်ရှူးသမား
အမေရိကန်နိုင်ငံ Arizona က Jeff Green ဆိုတဲ့ အ သက် ၃၂ နှစ် အရွယ်ရှိ လူတစ်ယောက် ရဲ့ ဇနီးဖြစ် သူ Lucy ဟာနှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။
သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီး သိပ်ကို ခံစား ခဲ့ရပါတယ်၊ နောက်ဆုံးတော့ သူဟာ သာမန်လူ သားတွေလုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ် တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့သေဆုံး သူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာ ပဲ ဖြစ်ပါတယ်။
Lucy မသေဆုံးမီ Jeff Green ကို "ငါတို့ ကောင်းကဘုံမှာ ပြန်ဆုံရအောင်" လို့ပြောခဲ့ပါတယ်.။ ဒီစကား က Jeff ရဲ့ ခံစားချက်တွေကို နှစ်သိမ့်နိုင်စွမ်းမရှိခဲ့ပါဘူး၊ အသုဘချတဲ့နေမှာ မျှော်လင့်ချက်ကင်းမဲ့တဲ့ မျက်နှာ နဲ့ Jeff ဟာLucy ကို သူ့စီကနေ ထွက်ခွာခွင့်မပြုဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
သူဟာ တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပါတယ်..၊ သူ့ကိုတာဝန်ရှိသူတွေက မယုံကြည်နိုင် ခဲ့ပေမယ့် ပြင်း ထန်လှတဲ့သှူ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် ထူးခြားနောက်ဆုံးတော့ သူ့ဇနီးကို အိမ်ပြန်သယ် သွားနိုင်မယ့် အထူးခွင့်ပြုချက်ကို ပေးခဲ့ပါတယ်။
" ကျွန်တော့်ဇနီးကို အိမ်မှာထားရတာက မြေအောက် ၇ ပေ လောက်မှာ မြှပ်ရမှာထက် ပိုကောင်းပါတယ်။ Lucy ဟာပျော်ရွှင်တတ်သူလည်း ဖြစ်တာကြောင့် သူက ကျွန်တော့် ကော်ဖီစားပွဲဖြစ်ရတာ သူဝမ်းသာမှာပါ" လို့လည်းပြောခဲ့ပါတယ်။
Jeff ဟာ အလောင်းကို မပျက်စီးစေမယ့် အထူးစီမံပြုလုပ်ထားတဲ့ ဖန်အခေါင်း တစ်လုံးကို ဒေါ်လာ ၆၀၀၀
လောက် အကုန်အကျခံကာ မှာယူခဲ့ပါတယ်။ တစ်ချို့ အပေါင်းအဖော် နဲ့ ဆွေမျိုးတွေဟာ ကြောက်လန့်ပြီး သူ့အိမ်ကို လာမလည်တော့ပါဘူး။
ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တဲ့ သူငယ်ချင်းအချို့ကတော့ လာလည်မြဲလာလည်ကြပါတယ်။ တစ်ချို့ဆိုရင် ဒီကော်ဖီစားပွဲဟာ အတော်ကောင်းကြောင်းကိုတောင်ချီးမွမ်းပြောဆိုသွားပါသတဲ့ဗျာ။

0 မှတ်ချက်များ for "ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတဲ့ အချစ်ရှူးသမား"