ဂျပန်နိုင်ငံကို ကာကွယ် သွားမည်ဟု အမေရိကန် ပြော

မြောက်ကိုရီးယား အစိုးရက တတိယ အကြိမ်မြောက် နျူက လီးယား စမ်းသပ် ခဲ့ပြီးနောက် အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ၎င်း၏ မဟာမိတ် နိုင်ငံများ အား နျူကလီး ယား တိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့ပါက ကာကွယ်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဂျပန်ဝန် ကြီးချုပ် ရှင်ဇိုး အာဘေးနှင့်
ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖုန်းဖြင့် ဆွေးနွေးစဉ် ပြောကြား ခဲ့ကြောင်း အိမ်ဖြူတော်၏ အစီရင် ခံစာ အရ သိရသည်။
 
မြောက်ကိုရီးယား၏ တတိယ အကြိမ် နျူကလီးယား စမ်း သပ်ခြင်းသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်ကြောင်း နိုင်ငံတကာက ဖေဖော်ဝါရီ ၁၂ ရက် တွင် ပြစ်တင် ဝေဖန်ခဲ့ကြောင်း သိရသည်။
 
ယခု ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယား စမ်းသပ်ခြင်းသည် ၂ဝဝ၆ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်က စမ်းသပ်ခဲ့ခြင်း များထက် ပိုမို အားကောင်းကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား လေ့ လာ စောင့်ကြည့်သူ များက ပြောကြားခဲ့သည်။

 မြောက်ကိုရီးယား အစိုးရ၏ နျူကလီးယားနှင့် ဒုံးပျံ ထုတ်လုပ်မည့် အစီ အစဉ်ကို ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီနှင့် အတူ တားဆီး ပိတ်ဆို့မှု များကို အတူ တကွ ပူးပေါင်းရန်နှင့် လုံခြုံရေး ကောင်စီနှင့် အရေး ပါသော လုပ်ဆောင်မှုများ နီးကပ်စွာ လုပ်ဆောင် သွားရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘော တူခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
 
ဂျပန် နိုင်ငံသည် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်ခြင်း များနှင့် ပတ်သက်၍ ကုလသမဂ္ဂက တားမြစ် ပိတ်ပင်မှုများ ပြုလုပ်မည့် ဆုံးဖြတ်ချက် အသစ်ကို ထပ်မံ ချမှတ်နိုင်ရေး နှစ်နိုင်ငံ အတူ တကွ လုပ်ဆောင် သွားရန် သဘောတူ ခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက သီးခြား ပြောကြားခဲ့သည်။ 

အာဘေးသည် ယခုလ နှောင်းပိုင်းတွင် အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့၌ အိုဘားမားနှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယား အစိုးရ အပေါ် တားဆီး ပိတ်ပင်မှုများ ထပ်မံ ချမှတ်ရေး ကြိုးပမ်းမှုကို တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် ကလည်း သဘော တူခဲ့ကြောင်း ဖုန်းဖြင့် ပြောကြား ခဲ့သည်။

0 မှတ်ချက်များ for "ဂျပန်နိုင်ငံကို ကာကွယ် သွားမည်ဟု အမေရိကန် ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++