ဗဟိုချုပ်ကိုင် မှုစနစ်ကို လျှော့ချဖို့၊ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို အာမခံနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ တစ်ရပ်ကို ဖြစ်အောင် ကျွန်တော်တို့ တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက် တဲ့ ၆၆ နှစ်မြှောက်
ပြည်ထောင်စုနေ့ ကို ဖေဖေါ်ဝါရီ လ ၁၆ ရက်နေ့ကမှ ညီနောင် တိုင်းရင်းသားပါတီများ
ဖယ်ဒရယ်ရှင်း အဖွဲ့ဝင် တိုင်းရင်းသား ပါတီတွေက ရန်ကုန်မြို့
တော်ဝင်နှင်းဇီမှာ ကျင်းပခဲ့ကြပါတယ်။
တိုင်ရင်းသားတွေ ဘာကြောင့်
ပြည်ထောင် စုနေ့ ကို
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ မကျင်းပဘဲ ၁၆ ရက်နေ့ မှာ ကျင်းပရတာပါလဲလို့ အဖွဲ့ဝင် ပါတီတစ်ခု ဖြစ် တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အထွေ
ထွေ အတွင်းရေးမှူး ဦးဦးလှစောကို နိရဉ္စရာက ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။

ဦးလှစော-
ဟုတ်ပါတယ်။ အဲဒီနေ့က ရန်ကုန်မှာ အ ခမ်းအနားတွေ များနေတဲ့အတွက်
ကျွန်တော် တို့ အတွက်သင့်တော်တဲ့ နေရာ တစ်ခုကိုရဖို့ အခက်အ ခဲရှိပါတယ်။
နောက်တစ်ခုကလည်း ကျွန်တော်တို့
ခေါင်းဆောင် တချို့က နေပြည်တော် မှာ ပြည်ထောင် စုနေ့ အခမ်းအနားကို တက်နေကြတယ်ဆိုတော့ အား လုံး ခေါင်းဆောင်တွေ ပါဝင် တက်ရောက်နိုင်အောင် ကျွန်တော်တို့က နောက်ဆုတ်လိုက်တာပါ။ အဓိက အကြောင်းတွေကတော့ ဒါတွေကြောင့်ပါဘဲ။ တခြားနိုင် ငံရေး ပြဿနာ အထွေအထူးမရှိပါ။

မေး- အဲဒီအခမ်းအနားကို ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီအပြင် တခြား ရခိုင် ကိုယ်စား လှယ်တွေ ဘယ်သူတွေ တက်ရောက်ကြပါသလဲ။
ဦးလှစော- မနေ့က လုပ်တဲ့ပွဲမှာ ကျွန်တော်တို့ ညီနောင် တိုင်းရင်းသားများ
ပါတီ ဖယ်ဒရယ်ရှင်း က ပြု လုပ်တာ ဖြစ်တဲ့ အတွက် အဖွဲ့ဝင်တိုင်းရင်း
သားပါတီတွေက တက်ပါတယ်။ နောက်တခြား NLDနဲ့ NDF
ဗမာပါတီတွေကလည်း တက်ပါတယ်။ တိုင်းရင်းသား ရှမ်း၊ ကရင်၊ ရခိုင်စတွေ ရိုးရုာ ယဉ်ကျေးမူ အက အဖွဲ့တွေလည်း တက်ရောက်ပါတယ်။
ဗမာပါတီတွေကလည်း တက်ပါတယ်။ တိုင်းရင်းသား ရှမ်း၊ ကရင်၊ ရခိုင်စတွေ ရိုးရုာ ယဉ်ကျေးမူ အက အဖွဲ့တွေလည်း တက်ရောက်ပါတယ်။
မေး- အဲဒီအခမ်းအနားမှာ အတွင်းရေးမှူး ဦး ဦးလှစောအနေနဲ့လည်း
မိန့်ခွန်းပြောကြား ခဲ့တယ် လို့ သိရပါတယ်။ ဆိုတော့ ပြည်ထောင်စုနေ့နဲ့
ပတ်သတ်ပြီး ဘယ်လိုအချက်တွေကို မီးမောင်း ထိုးပြခဲ့ပါသလဲ။
ဦးလှစော- ကျွန်တော်ကတော့ မိန့်ခွန်း မပြောခဲ့ပါဘူး။ ကျွန်တော်က
ညီနောင်တိုင်းရင်းသား ဖယ်ဒရယ်ရှင်းရဲ့ သဘောထား ကြေငြာချက်ကို ဖတ်ပြခဲ့တာပါ။
ကြေငြာချက်လည်း တစ်ခု ထုတ်ခဲ့ပါတယ်။
မေး- အဲဒီကြေငြာချက်ရဲ့ အနှစ်ချုပ်က ဘာတွေပါလဲ။
ဦးလှစော- အဲဒီ သဘောထားကြေငြာချက်ကို မဖတ်မီ၊ ကျွန်တော်တို့က
ဖယ်ဒရယ်ရှင်းသည် ပြည်ထောင်စု ကြီး တည်တံ့ခိုင်မြဲ ရေး၊ ပြည်ထောင်စုကြီး
ငြိမ်းချမ်းရေး၊ နောက်ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးကို
ဦးထိပ်ထားပြီး ဒီကြေငြာချက်ကို ထုတ်တယ်ဆိုတဲ့အကြောင်းကို ကျွန်တော်အဓိက
ထား ပြောကြားပါတယ်။ အဲဒီကြေငြာချက်က တိုတိုလေးပါ။ ကျွန်တော် ဖတ်ပြလို့
ရပါတယ်။ မြန်မာ့မော်ကွန်း သမိုင်း ၀င်ဖြစ်သည့် ပင်လုံစာချုပ်သည် ၆၆
နှစ်တိုင်ခဲ့ပြီ။ ပင်လုံဂတိနှင့် အနှစ်သာရများသည် လက် တွေ့ကျကျ
အကောင် အထည်မဖော်နိုင်ဘဲ ပြည်တွင်းစစ်မီးသာ တဟုန်းဟုန်း တောက်လောင်လျှက်
ပြည်နယ်အ သီးသီးရှိ တိုင်းရင်းသားတို့သည် ကပ်ဘေးအမျိုးမျိုးနှင့်
ရင်ဆိုင်နေရသည်ကို ၀မ်းနည်းဖွယ်ရာတွေ့ရှိနေရသည်။
ကျွနှုပ်တို့အနေဖြင့်
(၁) ဖယ်ဒရယ်စနစ်သည်သာ ငြိမ်းချမ်းရေး၊
ဒီမိုကရေစီအရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင် ကျဉ်းပေးနိုင်မည်ဟု
ကျွန်ုပ်တို့အနေဖြင့် ယုံကြည်သည်။
(၂) တိုင်းရင်းသား လူမျိုးစုများအခွင့်အရေးကို ကာကွယ်သည့် ဥပဒေတစ်ရပ်ကို
ပြည်ထောင်စုလွှတ်တော် တွင် အမြန် ဆုံး ပြဌာန်းနှိုင်ရန်အတွက် ကျွန်ုပ်တို့
တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်။ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာ
နိုင်ပါစေသတည်း။ ညီနောင်တိုင်းရင်းသားများ ဖယ်ဒရယ်ရှင်း ဒါကို ကျွန်တော်
ဖတ်ပြတာပါ။ တခြားသဘောထားတွေကို တော့ ထွေထွေထူးထူးမပြောပါ။
မေး- ဟုတ်ကဲ့- အခု လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအရ
ဗမာအစိုးရကပြောနေပါတယ်။ အခု ပြည် နယ်တွေ မှာ ထိုက်သင့်တဲ့
လုပ်ပိုင်ခွင့်တွေပေးထားတယ်ဆိုပြီး ပြောနေပါတယ်။ ဆိုတော့ အစိုးရက
ကျင့်သုံးနေတဲ့ ပြည်ထောင် စုနဲ့ အတွင်းရေးမှူးတို့ လိုလားနေတဲ့
ပြည်ထောင်စုနဲ့ ဘယ်လို ကွာခြားမှုတွေ ရှိပါလဲ။
ဦးလှစော- ကွာခြားပါတယ်။ ကျွန်တော်တို့ ဖယ်ဒရယ်ပြည်ထောင်စုလို့ပြောရင်
ကိုယ်ပိုင်ပြဌာန်းခွင့်
ပြဿနာပါ။ ကိုယ် ပိုင်ပြဌာန်းခွင့်မှာ ကျွန်တော်တို့ ယေဘူယျအားဖြင့် ၃ ချက်ရှိပါတယ်။ (၁) နိုင်ငံရေးပြဿနာ၊ (၂) စီးပွားရေး ပြဿနာ။ (၃) သမိုင်းယဉ်ကျေးမှု ပြဿနာပါ။ နိုင်ငံရေး ပြဿနာမှာ ဆိုလို့ရှိရင် ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် ကျွန်တော်တို့ RNDP သည် ပြည်သူထောက်ခံမှုနဲ့ မဲအများစုနိုင်တယ်။ အမတ်နေရာ အများစုကို ရရှိတယ်။ ပြည်နယ် အစိုးရကို ကျတော့ ကျွန်တော်တို့မှာ ဖွဲ့ခွင့်မရှိ။ ဒါဟာ နိုင်ငံရေးအရ လွတ်လပ်မှုမရှိဆိုတာကို သက်သေပြနေပါ တယ်။ ဒီစနစ်ကို ဖျက်ရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် သမ္မတရဲ့ ဆွဲခန့်ဖြစ်နေတယ်။ ကျွန်တော်တို့ ဆီက မဖြစ်ပါ။ ဒုတိယက ရခိုင်ပြည်နယ်က ထွက်တဲ့ သယံဇာတ တွေကို ခွဲဝေ စီမံပိုင်ခွင့်မှာ ရခိုင်ပြည်သူတွေ လုံးဝမစားရ တဲ့အပြင် အရိုးအရင်းတောင် မကိုက်ရတဲ့အဆင့်ဖြစ်နေပြီး “မစားရ ညှော်ခံ” ဆိုသလိုဖြစ်နေတယ်။ ဒါလုံးဝ တရားမျှ တမှု မရှိဘူး။ သယံဇာတ ခွဲဝေပိုင်ခွင့်နဲ့ပတ် သတ်ပြီး လုံးဝလွတ်လပ်ခွင့်မရှိ ကျွန်တော်တို့မကြိုက်ဘူး။ နောက်တချက် ကျွန်တော်တို့ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ စာပေဆိုင်ရာနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ဖော်ထုတ်ခွင့်နဲ့ ပတ်သတ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံဟာ တိကျခိုင်မာတဲ့ အာမခံပြဌာန်းချက် မရှိပါ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးဆိုင်ရာ လွတ် လပ်ခွင့်၊ စီးပွားရေး ဆိုင်ရာ လွတ်လပ်ခွင့်၊ သမိုင်းဆိုင်ရာလွတ်လပ်ခွင့် ဒီသုံးချက်သည် ၂၀၀၈ ဖွဲ့စည်းပုံမှာ လုံးဝ ပြည့်ပြည့်စုံစုံ မရှိလို့ ကျွန် တော်တို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီအချက်တွေကို မပြင်ဘဲ ဖယ်ဒရယ် ပြည်ထောင်စုဟာ ဘာမှ အဓိပ္ပါယ် မရှိပါ။

မေး- ဖက်ဒရယ်ဟာ ခွဲထွက်ခွင့်ဆိုပြီး ဗမာအစိုးရက ပြောနေတော့ လက်ရှိမှာ
တိုင်းရင်းသား
တွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ရရှိနိုင်တဲ့ အနေအထားရှိပါသလား။ ဘယ် လိုမြင်ပါလဲ။
တွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ရရှိနိုင်တဲ့ အနေအထားရှိပါသလား။ ဘယ် လိုမြင်ပါလဲ။
မေး- ဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့လည်း ဆက်စပ်နေပါတယ်။
ကျွန်တော်တို့ ညီတော်
နောင်တော် လက်နက်ကိုင် အင်အားစုတွေကလည်း ဖယ်ဒရယ်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်နေ ပါတယ်။ အခု အပစ်အခတ်ရပ် စဲပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါကတော့ ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည် ဖော်သွားရ မှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်မြင်တာ က ဖြစ်စဉ် တခုပါ။ ဖြစ်စဉ်တစ်ခုမှာ အဓိက နိုင်ငံရေးကို ခေတ်အဆက် ဆက်ကြီးစိုး လာတဲ့ ဗမာနိုင်ငံရေးခေါင်း
ဆောင်တွေ၊ တပ်မတော်အထဲမှာရှိတဲ့ ဗမာခေါင်းဆောင်တွေ သဘောထား ကြီးကြီးနဲ့ တိုင်းရင်းသား
ပြည်သူတွေ လိုလားတောင့်တနေတဲ့ အမျိုးသားရပိုင်ခွင့်တွေကို ညှိနှိုင်းပြီး ဖြေးဖြေးချင်း အကောင်အ ထည် ဖော်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ချက်ချင်းတော့ ဖြစ်နိုင်မှာမဟုတ်ပေမယ့် တိုင်းရင်းသား
ပြည်သူတွေ လိုလားနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ငြိမ်းချမ်းရေး၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက်ရည်ရွယ် တည်ဆောက် သွားကြရမှာ ဖြစ်ပါတယ်။ ဒါတွေ မဖြစ်နိုင်ရင် ငြိမ်းချမ်းရေးကို အာမဘန္တေ မခံနိုင်ပါ။ တကယ့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံနိုင်မှာက ဒီဖယ်ဒရယ်စနစ်ဘဲ။ တိုင်းရင်း သားတွေရဲ့ အမျိုးသား ရပိုင် ခွင့်တွေကို အသိအမှတ်ပြုမှ မြန်မာနိုင်ငံမှာ စစ်မှန်သော ငြိမ်း ချမ်းသော ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်မှာ ဖြစ်တယ်။

မေး- နောက်တစ်ခုကျွန်တော် မေးချင်တာက အခုဗမာအစိုးရက
နိုင်ငံသားတစ်ဦးချင်စီရဲ့ လွတ်လပ်ခွင့်ကိုပေးထားတယ်။ တိုင်းရင်းသား
အခွင့်အရေးကို ပေးစရာမလို သလိုလို လေ သံတွေလည်း ထွက်လာတာကို တွေ့ရပါတယ်။
ဒီအပေါ်မှာ ဘယ်လို မြင်ပါလဲ။
ဦးလှစော- ဒါကတော့ ကျွန်တော်တို့ လက်ခံနိုင်စရာမရှိပါ။ တရားမ၀င်ပါ။ ဒါက
ဒီမိုကရေစီဆိုသည့်တိုင် တခြားနိုင်ငံတွေနဲ့ မတူပါ။ ကျွန်တော်တို့က
တိုင်းရင်းသားပေါင်းစုံ နေထိုင်နေကြတဲ့ အတွက်ကြောင့် တိုင်းရင်းသားတွေ
ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံထဲမှာ ခိုင်ခိုင်မာမာ တိတိကျကျ
အာမခံပြဌာန်းထားဖို့လိုပါတယ်။ ကျွန်တော်တို့ ဗဟိုချုပ်ကိုင် မှုစနစ်ကို
လျှော့ချဖို့၊ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို
အာမခံနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ တစ်ရပ်ကို ဖြစ်အောင် ကျွန်တော်တို့
တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။
မေး- အခု ဗမာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ
အများအပြားရှိနေပါတယ်။ ဒီတိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းတွေက
ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်မလာဘဲနဲ့ တိုင်းပြည် ငြိမ်းချမ်းရေး အတွက်
လက်နက်စွန့်မယ်လို့ မြင်ပါသလား။
ဦးလှစော- ကျွန်တော်မမြင်ပါ။ သူတို့ကိုင်စွဲထားတဲ့ လက်နက်တွေကို
အလွယ်တကူချလိမ့်မယ်လို့ ကျွန်တော်မယုံပါ။ အဲဒီ တိုင်းရင်းသား
လက်နက်ကိုင်တွေ ယုံကြည့်လောက်တဲ့ ဖယ်ဒရယ် ဖွဲ့စည်းပုံ တစ်ခုကို ပေါ်လာအောင်
ကျွန်တော်တို့ တဖြေးဖြေး လုံးပမ်း ရပါမယ်။ အဲဒီလို ဖွဲ့စည်းပုံအရ
ခိုင်ခိုင် မာမာရှိမှဘဲ တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ သူတို့ လက်နက်ကို
ချပြီး ပြည်ထောင်စု တပ်မတော် ထဲမှာ ရခိုင်တပ်မတော်၊ ကရင်တပ်မတော်၊
မွန်တပ်မတော်ဆိုတဲ့ အစိတ် အပိုင်း တရပ် အနေနဲ့ ပါဝင်ပြီး ဖြစ်သွားမယ်လို့
ကျွန်တော် အဲလိုဘဲ မျှော်လင့်ပါတယ်။ ဒီစစ်မှန်တဲ့ ဖယ်ဒရယ် စနစ်တခု
မပေါ်ထွန်းဘဲ တိုင်းရင်းသားတွေအနေနဲ့ သူတို့လက်နက်တွေကို အလွယ်တကူ
စွန့်လွှတ်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါ။

0 မှတ်ချက်များ for "ဗဟိုချုပ်ကိုင် မှုစနစ်ကို လျှော့ချဖို့၊ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို အာမခံနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ တစ်ရပ်ကို ဖြစ်အောင် ကျွန်တော်တို့ တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။"