ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း ဆွေးနွေး ပွဲ နောက်ဆုံးနေ့တွင် ပြောကြားခဲ့ သည့် SNLD ပါတီဥက္ကဌ ခွန်ထွန်းဦး၏ အပိတ်မိန့် ခွန်း
မိုင်ဆွန်ခ ….. ကြွရောက်လာတဲ့ လူကြီးမင်းများ အားလုံး မင်္ဂလာပါ။ ယခုလို ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ရည်ရွယ်ကျင်းပ တဲ့ ဆွေးနွေးပွဲကို စိတ်ရှည်လက်ရှည် အချိန်ပေးပြီး စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေး ပေးခဲ့ကြ တဲ့အတွက် ကျနော့်အနေနဲ့ ကျေးဇူးတင် ဂုဏ်ယူ ပါကြောင်း ပြောလိုပါတယ်။
ဒီဆွေးနွေးပွဲကနေ (၁၄) ပြည်နယ်နဲ့ (၈) ပြည်နယ် ဘယ်ဟာက ကောင်းသလဲဆိုတာ စဉ်းစားနိုင်ခဲ့ပြီ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရုံသက်သက် ဆိုတာတွေထက် ပြည်သူအတွက် ဘာတွေလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာကိုလည်း သိလာခဲ့ရပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်သေးတယ် ဆိုတာလည်း ဒီဆွေးနွေးပွဲက ရှင်းရှင်းလင်းလင်း အသိပေးလိုက်ပြီ။ ရှမ်းလူမျိုးတွေဟာ စုပေါင်း ဆောင်ရွက် တွေးခေါ်တတ်တဲ့ လူမျိုးဖြစ်တယ် ဆိုတာကို လည်း သက်သေပြနိုင်ခဲ့ပါပြီ။ ဒီလို အဖွဲ့အစည်းတွေ တွေ့ဆုံနိုင်တဲ့ အခွင့်အရေးဟာ လွယ်လွယ်နဲ့ မရနိုင်ပါ ဘူး။ ဒီလို စုပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ပြည်သူလူထုတွေ ခံစားနေရတဲ့ ဒုက္ခတွေ၊ သောကတွေကို ဖြေ
ပျောက်စေပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်အသစ်တွေကို မွေးဖွားပေးနိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ရရှိဖို့အတွက်….
ပြည်သူတွေက တောင်းဆိုနေကြပြီ။
ပြည်သူတွေက ရင်ဖွင့်နေကြပြီ။
ပြည်သူတွေက မျှော်လင့်နေကြပါပြီ။
ပြည်ထောင်စုမြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဟာ တကယ် လိုအပ်နေပါပြီ။
ပြည်ထောင်စုမြန်မာနိုင်ငံကို စပြီး ထူထောင်ခဲ့တဲ့အထဲမှာ ရှမ်းလူမျိုးတွေ ပါဝင်ခဲ့သလို ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့အရေးမှာလည်း ရှမ်းလူမျိုးတွေက စပြီး လုပ်ဆောင်ပေးရပါမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပန်းတွေ ပွင့်နိုင်ပါစေ၊ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတေးသံတွေ ကြားနိုင်ပါစေလို့ ဆုတောင်းရင်း ကျနော့်အနေနဲ့ နိဂုံးချုပ်အပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

0 မှတ်ချက်များ for "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း ဆွေးနွေး ပွဲ နောက်ဆုံးနေ့တွင် ပြောကြားခဲ့ သည့် SNLD ပါတီဥက္ကဌ ခွန်ထွန်းဦး၏ အပိတ်မိန့် ခွန်း"