စစ်တပ် ၂၅% ပါဝင်မှုသည် ဒီမိုကရေစီနှင့် မညီဟု ကုလ သံတမန်ပြော

မြန်မာနိုင်ငံ၏လွှတ်တော်စနစ်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေမှုသည် ဒီမိုကရေစီနှင့် ကိုက် ညီမှုမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာ နားက ပြောဆိုလိုက်သည်။

၂၅ ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များသည် စစ်တပ်အရာရှိများ၏ ညွှန်ကြားချက်ကို ခံယူပြီး လွှတ်တော်တွင် ပါဝင်ဆောင်ရွက်နေမှုသည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားလူနည်းစုများနှင့် ဆွေးနွေးမှုအရ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်၊ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးသဘောတူညီချက်များရရှိရေးအတွက် ပြင်ဆင်ရန် လိုအပ်နေ သည်ဟု ကင်တာနားက ထုတ်ဖော်ပြောဆိုသွားသည်။

0 မှတ်ချက်များ for "စစ်တပ် ၂၅% ပါဝင်မှုသည် ဒီမိုကရေစီနှင့် မညီဟု ကုလ သံတမန်ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++