မာလီကို အာဖရိက တပ်တွေ လွှတ်မယ်
မာလီနိုင်ငံ မြောက်ပိုင်း အစ္စလာမ်သူပုန် တွေ အောက် က ပြန်သိမ်းပိုက်ရေး အတွက် တပ်တွေ စေလွှတ် ဖို့ အာဖရိက နိုင်ငံများအဖွဲ့က အတည်ပြု လိုက်ပြီ ဖြစ်ပါ တယ်။
တပ်သား ၃ ထောင်ကျော် လွှတ်မယ့် အစီအစဉ်ကို အာဖရိက ခေါင်းဆောင်တွေ ဒီတပတ် အစောပိုင်းက သဘောတူ ထောက်ခံခဲ့ကြ ပါတယ်။
နောက်ဆုံး အတည်ပြုနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကို အခု တင်သွင်းတော့မှာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား၊ နိုင်ဂျာ၊ ဘူကီနာ ဖက်ဆို နိုင်ငံ တွေက တပ်သား အများဆုံး လွှတ်မယ်လို့ ခန့်မှန်း ရပါတယ်။
ဒါပေမဲ့ ဘဏ္ဍဍာရေးနဲ့ နည်းပညာ အထောက်အပံ့ အတွက် ဒေသ ပြင်ဘက် နိုင်ငံ တွေဆီက အကူအညီ လိုအပ်နိုင်ပြီး လနဲ့ချီ ကြာနိုင်တဲ့ စစ်ဆင်ရေး မှာ သုံးဖို့ လေတပ် အကူအညီ တောင်းခံရတာမျိုးထိ ရှိနိုင်တယ်လို့ ဘီဘီစီ အနောက် အာဖရိက သတင်းထောက်က ပြောပါတယ်။

0 မှတ်ချက်များ for "မာလီကို အာဖရိက တပ်တွေ လွှတ်မယ်"