ကလေးအပေါ် အမြတ်ထုတ်မှု ပိုမိုကြုံတွေ့လာရ

ကလေးသူငယ်တွေအပေါ် အမြတ်ထုတ်တာတွေ ပိုမိုကြုံတွေ့လာရတဲ့အတွက် အကာအကွယ်ပေးဖို့ လိုအပ်နေတယ်လို့ သိရတယ်။

'ကလေးသူငယ်တွေအပေါ် မတရားအမြတ်ထုတ် တာတွေ၊ မိဘအုပ်ထိန်းမှု မဲ့နေတာတွေ၊ တရား ဥ ပဒေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးတွေ၊ နောက် တခြား အားနည်းတဲ့ ကလေးတွေကို အကာအ ကွယ် ပေး ဖို့လိုအပ်နေတယ်' လို့ Unicef Myanmar မှ ဒေါက်တာ ဖုန်းမြင့်က ကလေးသူငယ်များ အစီရင် ခံစာ သုံးသပ် ချက် ထုတ်ပြန်တဲ့ပွဲမှာ ပြောကြားခဲ့ တယ်။

အမြတ်ထုတ်ခံရဒေါက်တာဖုန်းမြင့်ကပဲ 'ကလေးတွေအပေါ် အမြတ်ထုတ် တယ်၊ ရောင်းစားခံရတာရှိတယ်၊ အလုပ်လုပ် ရတယ်၊ လခကလဲမကောင်းဘူး၊ ဝင်ငွေကလဲ နည်းနည်းပဲရတယ်' လို့ဆိုပါတယ်။

တရားဥပဒေအရ တားမြစ်မှုရှိပေမဲ့ ပြည့်တန်ဆာလုပ်ငန်းတွေမှာလည်း မတရားအမြတ်ထုတ်ခံရသူ ကလေး သူငယ်တွေ ရှိနေပါတယ်။ အများစုက မိန်းကလေးတွေ ဖြစ်ပေမဲ့ တစ်ခါတစ်ရံ ယောက်ျားလေး တွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူကုန်ကူးခံရပြည်တွင်းပြည်ပ လူကုန်ကူးခံရတဲ့ အရေအတွက်တော်တော်များများမှာလည်း ကလေးသူ ငယ်တွေ ပါဝင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးငယ်တွေ တရုတ်ပြည်ကို လူကုန်ကူးခံရတဲ့အမှု အများစုဟာ အဓမ္မလက်ထပ်စေဖို့အတွက် ဖြစ်ပါ တယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူကုန်ကူးဖို့အဓိက အကြောင်းရင်းက အိမ်တွင်း အလုပ်၊ စက် ရုံတွေ၊ ငါးလုပ်ငန်း၊ တောင်းစားတဲ့လုပ်ငန်းတွေ၊ လမ်းပေါ်ဈေးရောင်းတာနဲ့ လိင်ကုန်ကူးဖို့ တွေ အတွက် ဖြစ်တယ်လို့ ဖော်ပြထားတယ်။

မိဘမဲ့ကလေးအသက် ၁၇ နှစ်အောက် ကလေးသူငယ်တွေရဲ့ ငါးရာခိုင်နှုန်းခန့်ဟာ မိဘရင်းနဲ့ နေ ထိုင်တာ မရှိဘူးလို့ ဖော်ပြထားတယ်။

'စောင့်ရှောက်မှု ဂေဟာတွေမှာ ရောက်ရှိနေတဲ့ ကလေးသူငယ်တွေရဲ့ သုံးပုံနှစ်ပုံမှာ မိဘတစ်ဦး  ဒါမှမဟုတ် မိဘနှစ်ဦးစလုံး အသက်ရှင်လျက်ရှိပါတယ်' လို့ ဒေါက်တာဖုန်းမြင့်က ပြောပါတယ်။

'စောင့်ရှောက်ရေးဂေဟာကို သွားကြည့်ရင် ကလေးငယ်တွေရဲ့ အခြေခံလိုအပ်ချက်ကိုပဲ ဖြည့်ဆည်း ပေးနိုင် တယ်၊ ကလေးတွေရဲ့ တိုးတက်မှုကို တွေ့ရတယ်' လို့ ဒေါက်တာဖုန်းမြင့်က ပြောပါတယ်။

တရားရုံးက ကလေးမြန်မာနိုင်ငံမှာ တရားဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးတွေအပေါ် ကာကွယ်မှု လိုအပ်နေသူတွေ ဆိုတာထက် ပြစ်မှုကျူးလွန်သူတွေ ဆိုးသွမ်းသူတွေအဖြစ် ရှုမြင်နေကြပါတယ်။ အများစုမှ ယောက်ျား ကလေးတွေဖြစ်ပြီး ပြစ်မှုအများစုမှာ ခိုးမှုဖြစ်တယ်လို့ သိရတယ်။

မိန်းကလေးတွေကို ကလေးပြည့်တန်ဆာမှုမှာ အမြဲတွေ့ရှိရပါတယ်။ တရားဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ ကလေး၊ ပြိုကွဲနေတဲ့ မိသားစု ဒါမှမဟုတ် အုပ်ထိန်းသူကင်းမဲ့သူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကလေးသူငယ်တွေနဲ့ ဆီလျော်တဲ့ဥပဒေဆိုင်ရာ လုပ်ထုံးတွေနဲ့ ပတ်သက်တဲ့စွမ်းဆောင်ရည်နည်းပါးပြီး ရင်နှီးမှုလည်း မရှိပါ။ ဥပဒေဆိုင်ရာ ပံ့ပိုးမှုနဲ့ အခြားဝန်ဆောင်မှုလည်း မရှိဘူးလို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ကုမုဒြာ သတင်းဂျာနယ်
နိုဝင်ဘာလ ၁၃၊ ၂ဝ၁၂၊

0 မှတ်ချက်များ for "ကလေးအပေါ် အမြတ်ထုတ်မှု ပိုမိုကြုံတွေ့လာရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++