ရုရှားရဲ့ နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ဥပဒေ ပြောင်းလဲ

ပိုမို ကျယ်ပြန်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုတွေ ပေးနိုင်တဲ့ ရုရှား နိုင်ငံရဲ့ နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ဥပဒေကို ရုရှား ဗလာဒီမီယာ ပူတင်က လက်မှတ်
ရေးထိုးလိုက် ပါတယ်။

ထောက်လှမ်းရေး အရာရှိတွေ သာမက ရုရှ နိုင်သား ဘယ်သူ မဆို ရုရှား နိုင်ငံရဲ့ လုံခြုံရေးကို ထိပါး စေနိုင် မယ့် လျှိ့ဝှက်ချက် တွေကို ရယူမယ်၊ ဒါမှ မဟုတ် တခြား နိုင်ငံတကာ အဖွဲ့ အစည်း တွေကို နိုင်ငံရဲ့ လုံခြုံရေး ကို ထိပါး စေနိုင်မယ့် ဘယ်လို အကူအညီ မျိုးကို မဆို ပေးမယ် ဆိုရင် နိုင်ငံကို သစ္စာ ဖောက်တဲ့ ပြစ်မှု ဖြစ် ပါတယ်။

လူ့အခွင့် အရေး လှုပ်ရှားသူတွေ ကတော့ အခု ဥပဒေဟာ ရုရှား နိုင်ငံသားတွေကို အနောက်နိုင်ငံ တွေက အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်မှု မလုပ်အောင် ခြိမ်းခြောက်ဖို့ ရည်ရွယ်တာလို့ ပြောကြ ပါတယ်။

နိုင်ငံကို သစ္စာဖောက်မှုနဲ့  ပြစ်မှုထင်ရှား ရှိသူဟာ အမြင့်ဆုံး ပြစ်ဒဏ် အနှစ် ၂၀ အထိ ချခံ ရမှာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "ရုရှားရဲ့ နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ဥပဒေ ပြောင်းလဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++