တပ်မိသားစုဝင်များ အဖမ်းခံရသဖြင့် ဒီကေဘီအေ နယ်စပ်ဂိတ်ပိတ်

ဒီကေဘီအေ (ကလိုထူးဘော) တပ်ရဲ့ မိသားစုဝင်တ ချို့ကို ထိုင်းအာဏာပိုင်တွေက တရားမ၀င် နိုင်ငံထဲ ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒီကေဘီအေ ဘက်ကလည်း နယ်စပ်ဖြတ်ကျော်ဂိတ်တွေ ယာယီပိတ် ထားခဲ့ပါတယ်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်စောလား ဘွယ်ရဲ့ ယောက္ခမ၊ အဒေါ်နဲ့တူမ ၂ ဦးကို ထိုင်းရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့တဲ့အတွက် ဒီကေဘီအေဘက်ကလည်း
ပြန်တုံ့ပြန်တဲ့အနေနဲ့ သူတို့ထိန်းချုပ်နယ်မြေထဲက ထိုင်း-မြန်မာနယ်စပ် ဂိတ်တွေကို  ၁ ရက်ကျော် ပိတ်ထားခဲ့တယ်လို့ ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။

“အမျိုးသမီး ၄-၅ ယောက်သွားတာကို ဖမ်းတယ်ဆိုရင် ဂိတ်ကိုပိတ်မယ်၊ အိမ်နီးချင်းနိုင်ငံ၊ အဖွဲ့အစည်းတွေ က မဖြစ်သင့်ဘူး။ ၂၈ နာရီလောက်ပိတ်တဲ့သဘောပါ။ အခု ဖွင့်ပါပြီ။ ကျနော်တို့လူတွေလည်း ပြန်ရောက်
ပြီ ဆိုတော့။ အဓိက ကားတစီးနဲ့လူ ပြန်လွှတ်ပေးဖို့အခက်အခဲရှိတယ်။ ကုမ္ပဏီမှာ ၀ယ်တဲ့ စာရွက် စာတမ်းတွေမို့လို့ပါ။”

ဖမ်းဆီးခံရသူ အမျိုးသမီးတွေ ဆုံဆည်းမြိုင်ကို ပြန်ရောက်လာပြီဖြစ်တဲ့အတွက် ဒီကေဘီအေဘက်က နယ်စပ်ဂိတ်တွေလည်း ဒီနေ့မနက် ၉ နာရီလောက်က ပြန်ဖွင့်ပေးခဲ့ပြီလို့ ဗိုလ်မှူးစန်းအောင် က ပြော ပါတယ်။

နယ်စပ်ဧရိယာ နှစ်ဘက်ကြားမှာ သူတို့မိသားစုဝင်တွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စနဲ့ တခါတရံ အသွားအလာလုပ်ရတာ မျိုးရှိပြီး အရင်က နားလည်မှုနဲ့သွားလာခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်နောင် အခုလို ဖမ်းဆီးတာမျိုးတွေ မရှိရအောင် အ၀င်အထွက် လက်မှတ်တခုခု လုပ်ပေး သင့်ကြောင်း ထိုင်းရဲဝန်ထမ်းကို ပြောခဲ့တယ်လို့ ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တာ့ခ်ခရိုင် မဲဆောက် – အုန်းဖျန်သွားလမ်းပေါ်မှာ  ထိုင်းအထူးစစ်
ဆေးရေး ရဲတပ်ဖွဲ့အမှတ် ၆ က  ယဉ်အသွားအလာ စစ်ဆေးရင်း  မဟာဝမ်းရပ်ကွက်နားမှာ ဒီကေဘီအေ မိသားစုဝင်တွေ ပါဝင်တဲ့ကားကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဗိုလ်ချုပ်စောလားဘွယ်ကို ထိုင်းအစိုးရက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆုငွေ ဘတ် ၁ သန်းနဲ့ ဖမ်းမိန့်ထုတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီကေဘီအေက နယ်စပ်ဂိတ်တွေကို ပိတ်ခဲ့ပါသေးတယ်။http://burmese.dvb.no/archives/33011

0 မှတ်ချက်များ for "တပ်မိသားစုဝင်များ အဖမ်းခံရသဖြင့် ဒီကေဘီအေ နယ်စပ်ဂိတ်ပိတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++