ဒီမိုမဟာမိတ်နှင့် ပူးပေါင်းမှု ကျားဖြူနဲ့ ဖလုံ-စဝေါ်တို့က ရပ်စဲ
တိုင်းရင်းသား ပါတီ ၅ ခုနဲ့ ပြည်မ ပါတီ ၅ ခု ပေါင်း ထားတဲ့ ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီမှာ သဘော ကွဲလွဲလို့ တိုင်းရင်းသားပါတီ တချို့ ဆက်လက် ပူးပေါင်းဖို့ ရပ်စဲလိုက်တယ်လို့ သိရပါတယ်။
ပူးပေါင်းဖို့ ရပ်စဲလိုက်တဲ့ ပါတီတွေကတော့ ကျားဖြူ ပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) နဲ့ ဖလုံ- စဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP) တို့ပဲ ဖြစ်ပါတယ်။
အခုလို ရပ်စဲလိုက်တာက မကြာခင်က ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီက နောက်ရွေးကောက်ပွဲမှာ မဲပေးသူ ဦးရေ အလိုက် အချိုးကျ အမတ် သတ်မှတ်တဲ့ PR ရွေးကောက်ပွဲ စနစ် ကျင့်သုံးဖို့ သမ္မတဆီ ရွေးကောက် ပွဲ ကော်မရှင်ဆီ တင်ပြမှုမှာ ကျားဖြူ နဲ့ဖလုံ စဝေါ်တို့ သဘောတူညီမှု မယူဘဲ လုပ်သွားလို့လို့ ကျားဖြု ဗဟို အလုပ်အမှုဆောင် စိုင်းဘိုးအောင် က ဘီဘီစီကို ပြောပါတယ်။
မိတ်ဆွေ ၁ဝ ပါတီ အဖွဲဝင် NDF ပါတီက ဦးခင်မောင်ဆွေ ကတော့ အားလုံးဆန္ဒ မပါဘဲ လုပ်သွားတာ ဘာမှ မရှိဘူးလို့ တုံ့ပြန်ပါတယ်။
သမ္မတဆီ စာတမ်း တင်တဲ့ကိစ္စ သူတို့ မပါဘူးလို့ ဖလုံ-စဝေါ် ဒုတိယ ဥက္ကဋ္ဌဌ မန်းအောင်ပြည်စိုး က ပြောဆို ပါတယ်။
နောက်နောင်မှာ ၁၀ ပါတီက လုပ်မယ့် စည်းဝေးပွဲတွေ အခမ်းအနား တွေမှာ ကျားဖြူပါတီနဲ့ ဖလုံ-စဝေါ်ပါ တီတို့ လုံးဝ မတက်တော့ဘဲ မိတ်ဆွေ ၁ဝ ပါတီက သဘောထား ထုတ်ပြန်ရင်လဲ သူတို့ ပါတီနာမည်တွေ ထည့်သွင်းရေးသားခွင့် မပြုတော့ဘူးလို့ နှစ်ပါတီ လုံးက ပြောဆို ပါတယ်။
ကျားဖြူပါတီ နဲ့ ဖလုံ-စဝေါ်ပါတီဟာ တခြား တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ ချင်းအမျိုးသားပါတီ၊ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် အမျိုးသားများ တိုးတက်ရေး ပါတီ၊ ကယန်း အမျိုးသား ပါတီတို့နဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာပဲ ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation) အဖြစ် ပြန်ဖွဲ့လိုက်ပြီး အားလုံးက PR ရွေးကောက်ပွဲ စနစ် လက်မခံကြောင်းနဲ့ ပြည်နယ် အမည်တွေကို
ဒေသ အခြေခံ နာမည်ပြောင်းမယ့် အယူအဆ ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပါတယ်။ http://www.bbc.co.uk/burmese

0 မှတ်ချက်များ for "ဒီမိုမဟာမိတ်နှင့် ပူးပေါင်းမှု ကျားဖြူနဲ့ ဖလုံ-စဝေါ်တို့က ရပ်စဲ"