အာဖဂန်ရှိ တပ်ဖွဲ့ဝင်များကို ဂျာမန်က တဖြည်းဖြည်းချင်း လျှော့ချ သွားမည်ဟု ဆို

အာဖဂန် နစ္စတန် နိုင်ငံတွင် တပ်စွဲ ထားသည့် ဂျာမန် တပ်ဖွဲ့ဝင် အရေ အတွက် ၄၇၆ဝ ဦးကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ကုန်ပိုင်းတွင် ၃၃ဝဝ ဦးအထိ လျှော့ချ သွားရန် ဂျာမန် အာဏာပိုင် များက စီစဉ် လျက်ရှိကြောင်း ဂျာမနီ အစိုးရ အဖွဲ့မှ ထိပ်တန်း အရာရှိ များက ထုတ်ဖော် ပြောကြား ခဲ့သည်။
 
အာဖဂန်တွင် တပ်စွဲ ထားသည့် ဂျာမန် တပ်ဖွဲ့ဝင် များကို တဖြည်းဖြည်းချင်း လျှော့ချ သွားမည်
ဖြစ်ကြောင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဂီဒိုဝက်စ် တာဝဲလ်နှင့် ကာကွယ်ရေး ဝန်ကြီး သောမတ်စ် ဒီမိုင် ဇိုင်ရီတို့က သတင်း ထောက်များကို ပြောကြား ခဲ့သည်။ 

၂ဝ၁၄ ခုနှစ် အကုန်ပိုင်းတွင် တပ်ဖွဲ့ဝင် အားလုံးကို မိမိတို့၏ နိုင်ငံ အတွင်းသို့ ပြန်လည် ခေါ်ယူရန် စီစဉ် လျက်ရှိကြောင်း၊ ထိုကဲ့သို့ စီစဉ်ရခြင်းမှာ အာဖဂန် တပ်ဖွဲ့ဝင် များသည် ၎င်းတို့ နိုင်ငံ၏ လုံခြုံရေးကို ၎င်းတို့ ကိုယ်တိုင် အပြည့်အဝ တာဝန် ယူမည့် အစီအစဉ်များ ချမှတ် ရေးဆွဲ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြား ခဲ့သည်။ 

ဂျာမန် တပ်ဖွဲ့ဝင် များအား ပြန်လည် ခေါ်ယူမည့် အဆိုပြု ချက်ကို ပါလီမန် လွှတ်တော်က အတည်ပြုပေး ရန် မျှော်မှန်း ထားကြောင်း ဒေ သတွင်း သတင်း ဌာနများက ထုတ်ဖော် ပြောကြား ခဲ့သည်။

ဂျာမန် တပ်ဖွဲ့ဝင်များ အာဖဂန်မှ အပြီးအပိုင် ဆုတ်ခွာပြီး နောက်ပိုင်းတွင် ၎င်းနိုင်ငံအား စစ်ရေးအရ အကူအညီ ပေးခြင်းမျိုး မဟုတ်ဘဲ အခြား နည်းလမ်း ဖြင့်သာ ဆက်လက် အကူအညီပေး သွားမည်

ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝက်စ်တာ ဝဲလ်က ပြောကြား ခဲ့သည်။

0 မှတ်ချက်များ for "အာဖဂန်ရှိ တပ်ဖွဲ့ဝင်များကို ဂျာမန်က တဖြည်းဖြည်းချင်း လျှော့ချ သွားမည်ဟု ဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++