ရခိုင်၊ ကချင် ဒုက္ခ သည်များအား ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ(၅)သန်း ကူညီပေးမည်

ရခိုင်ပြည်နယ်အတွင်းတွင် သောင်းကျန်းသူ အကြမ်း ဖက်မှုများနှင့် ကချင်ပြည်နယ်အတွင်း စစ်ပွဲတို့ကြာင့် ဒုက္ခရောက်နေကြသော ရခိုင်၊ ကချင် ဒုက္ခသည်များ အား ကမ္ဘာ့ဘဏ်က အမေရိ ကန်ဒေါ်လာ(၅)သန်း မကြာမီ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းကမ္ဘာ့ဘဏ်မှ ကူညီပေးသွားမည် သတင်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံမန်နေဂျာ Kanthan Shanker က "အခု ကျွန်တော်တို့ အပစ်အ ခတ် ရပ်စဲရေးဒေသတွေကို ကူညီပေးဖို့ လုပ်နေပါ တယ်၊ ထောက်ပံ့ပေးမှာ ကတော့(၅)သန်းပါ။" ဟု
ပြောဆိုကြောင်း hotnewsweekly တွင် ဖေါ်ပြထားသည်။

ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ တစ်စိုက်မတ်မတ် သွားနေ ပါကြောင်း ထုတ်ဖေါ်ပြောကြားနေသော်လည်း ကချင်ပြည်နယ်အတွင်း စစ်ပွဲများကို ဆက်တိုက်ပြုလုပ်နေ
သောကြောင့် ကချင်ဒုက္ခသည် ဦးရေ(၈၀၀၀၀)ကျော် တိုးမြင့်လာနေပြီးဖြစ်ကြောင်းနှင့် မြန်မာပြည်တွင် စစ်အာဏာရှင်အဆက်ဆက် မီးမွှေးပေးခဲ့သော ဆိုးမွေများကြောင့် ဇွန်(၈)ရက်နေ့မှ ရခိုင်ပြည်နယ်အတွင်း စတင်သော ပဋိပက္ခကြောင့် ရခိုင်ပြည်သူ ဒုက္ခသည်ပေါင်း(၁၀၀၀၀၀)ကျော်အထိ တိုးမြင့်လာနေကြောင်း သိရှိရသည်။

ရခိုင်၊ ကချင်ဒုက္ခသည်များအား ကူညီစောင့်ရှောက်ပေးနေကြသော လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ဒုက္ခသည်များမှာ တစ်ဖြည်းဖြည်း တိုးမြင့်လာနေကြောင်းနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကအစ လိုအပ်မှုများ အစောတစ်လျှင်ရှိနေကြောင်း ဆိုနေကြသည်။

ယင်း ကမ္ဘာ့ဘဏ်မှ သီးသန့် ရခိုင်၊ ကချင်ဒုက္ခသည်များအား ကူညီပေးသွားမည့် ကန်ဒေါ်လာ(၅)သန်းမှာ ယခင် မြန်မာအစိုးရသို့ ထောက်ပံ့ခဲ့သော ကန်ဒေါ်လာ သန်း(၈၀)နှင့် မသက်ဆိုင်ကြောင်း သိရှိရသည်။ (ရခိုင်တိုင်းမ်)

0 မှတ်ချက်များ for "ရခိုင်၊ ကချင် ဒုက္ခ သည်များအား ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ(၅)သန်း ကူညီပေးမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++