လူငယ်များ၏ လက်တွေ့ဘ၀နှင့် လွဲချော်ခဲ့ရ သည့် မြန်မာ့ ပညာရေး
"၂၀ဝ၈ ခုနှစ်တုန်းက စင်္ကာပူမှာ Marina Bay Sands နဲ့ Integrated Resorts
တွေဖွင့်ဖို့ အလုပ်သမား သိန်း ဂဏန်းလိုတယ်လို့ စင်္ကာပူကပြောစဉ်က အေးဂျင့်
တစ်ချို့က Hospitality Tourism တက်ရင် သေချာ
ပေါက် အလုပ်ရမယ်။ ပြီးရင် Internship ဆင်းလို့ ရတော့ ကျောင်းလခလည်း ကာမိတယ် ဆိုလို့သွား ခဲ့တဲ့မြန်မာတွေ မနည်းဘူး။ နောက် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း လည်းဖြစ်ရော အလုပ်လည်းမရ၊ Internship လည်းမဆင်းခဲ့ရဘဲ ပြန်လာရသူတွေ ရှိခဲ့ တယ်"ဟု ၂၀ဝ၉ခုနှစ်တုန်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော သူမ၏ကိုယ်တွေ့ တွေ့ကြုံခဲ့ သည့်ဖြစ်စဉ်ကို ပြန်လည်ပြောပြခဲ့သည်။

ထိုအချိန်က ယင်းဘာသာရပ်တက်ရန် မြန်မာကျပ်ငွေသိန်း ၆၀နီးပါး
အကုန်အကျခံခဲ့သူများမှာ စင်္ကာပူ၌ မည်သည့်အလုပ်အကိုင် မျှမရဘဲ
ဘာသာရပ်ပြောင်းခဲ့ကြရသည်။ ယင်းကြောင့် မလိုလားအပ်သောငွေ များနှင့်
အချိန်များ ဆုံးရှုံးခဲ့ရသည့်အပြင် လူငယ်များ၏ ဘဝတစ်ဆစ်ချိုးအတွက်
နစ်နာမှုများ စွာရှိခဲ့ကြ သည်။
"ဩစတေးလျမှာ ဆေးကျောင်းတက်လို့ရတယ်ဆိုလို့
ငွေရှိပြီး ချမ်းသာတဲ့ ကလေးတစ်ချို့သွားကြတယ်။ စာသင်နှစ်ဝက်ကျမှ နိုင်ငံတကာ
ကျောင်းသားတွေကို Internship မပေးတော့ဘူးဆိုပြီး ဩစတေးလျ အစိုးရက
ကြေညာလိုက်တဲ့အခါ အဲဒီမှာရှိတဲ့ မြန်မာကလေးတွေ ဘွဲ့လည်းမရဘဲ ပြန်လာခဲ့ရတယ်။
လူငယ်တွေရဲ့အနာဂတ်ကို သတင်းအချက်အလက်အလွဲတွေနဲ့ ရိုက်ချိုးခဲ့တာပဲ"ဟု
အိုင်ဂျီစီ အက်စ်အီး (သင်္ချာ) နည်းပြဆရာတစ်ဦး ကပြောပြခဲ့ပါသည်။
နိုင်ငံကြီးတွေမှာ ဗီဇာရဖို့ခက်လာပြန်တော့ သွယ်ဝိုက်သောနည်း
နဲ့လုပ်စားလာပြန်တဲ့ သူတို့တွေ ယခုအခါ စင်္ကာပူရှိ ပုဂ္ဂလိကကျောင်းများမှ
ဩစတေးလျ၊ ကနေဒါ၊ ယူကေ၊ ပြင်သစ်စသော တက္ကသိုလ်များ၏ တိုက် ရိုက်ဘွဲ့ပေးခြင်း၊
ထိုကျောင်းများနှင့် ဆက်သွယ်ချိတ် ဆက်ထားသည်ဟုဆို ကာ
ဈေးကွက်ရှာဖွေမှုများ ရှိလာကြသည်။ သို့ ရာတွင် မိမိသည်
ထိုတက္ကသိုလ်ကြီးများသို့ ကူးပြောင်းတက်ရောက်မည်၊ မိမိလက်ရှိ တက်နေသော
ကျောင်းနှင့် ကူးပြောင်းမည့်ကျောင်းသည် အမှန်တကယ် ချိတ်ဆက်ထားခြင်းရှိ၊
မရှိ အား သေချာစွာမေး မြန်းစုံစမ်းပြီးမှ ကူးပြောင်းသင့်သည်ကို စင်္ကာပူ
Kaplan ၌ Accounting ဘာသာရပ်လေ့လာနေသူ အမျိုးသမီးက အကြံပြုပြောပြ ခဲ့ပါသည်။
"အခု အင်္ဂလန်၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်စတဲ့
နိုင်ငံကြီးတွေမှာရှိတဲ့တက္ကသိုလ်တွေကိုဝင်ဖို့ ဗီဇာအခက်အခဲတွေရှိ နေတယ်။
ဒီတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့ အရှေ့တောင် အာရှက တက္ကသိုလ်တွေ၊
ကောလိပ်ပညာရေးအဖွဲ့အစည်းတွေက ဒီကအေးဂျင့်တွေနဲ့ပူးပေါင်းတယ်။ ပြီးတော့
သူတို့တက္ကသိုလ်၊ ကောလိပ်တွေက နိုင်ငံကြီးတွေနဲ့ affiliation လုပ်ထားတယ်။
Worldwide recongnize လုပ်ထားတယ်လို့ပြောတယ်။ ဟိုမှာမရှိတဲ့ ဘာသာတွေကို
ဒီမှာရှိသယောင်ယောင်နဲ့ ဟိုကတိုက်ရိုက် ဘွဲ့ပေးတယ်ဆို ပြီး လိမ်တာတွေကတော့
ကိုယ့်မြန်မာအချင်းချင်း ကိုယ်ချင်းစာ တရား နည်းလွန်းရာကျ ပါတယ်"ဟု လန်ဒန်
ဟိုတယ်ဘာသာရပ် သင်ရန်ရောက်ရှိနေသော မြန်မာအမျိုးသမီးတစ်ဦးကဆိုသည်။
ဘယ်သူ တာဝန်ယူမှာလဲ...... ပညာရေးသည် စင်စစ်အားဖြင့် ထုတ်ကုန်တစ်ခုရောင်းချရ ခြင်းမျိုးမဟုတ်ဘဲ
အချိန်နှင့် ငွေကြေးများစွာ ရင်းနှီးထားကြရခြင်းကြောင့် မလျော်ကန်သော
နည်းလမ်းများဖြင့် ပညာရေးအား ခုတုံးလုပ်ကာ စီးပွားရှာနေသူများသည်
ကျင့်ဝတ်သိက္ခာနှင့် လျော်ကန်မှုမရှိကြောင်းကို ပညာရေး တက္ကသိုလ်မှ
အငြိမ်းစားတက္ကသိုလ် ပါမောက္ခတစ်ဦးက ထောက်ပြပြောဆိုခဲ့ပါသည်။
"ဗြိတိန်နဲ့
နိုင်ငံကြီးအချို့မှာ ကျောင်းဝင်ခွင့်တွေရဖို့ သိသိသာ သာခက်လာတယ်။
ပြည်ဝင်ခွင့် စနစ်တွေဆို အင်္ဂလန်မှာ ခဏခဏ ပြောင်းနေတယ်။ ကျွန်တော်တို့က
ဒီမှာရောက်နေတော့ ကိုယ့်မြန်မာ တွေဒုက္ခရောက်
နေတာတွေ့လို့မေးလိုက်ရင် အေးဂျင့်တွေကြောင့်ပဲ ဖြစ်ရတယ်။ ခံရပြန်တော့လည်း ဒီကိစ္စကိုတရားစွဲဖို့က ခက်၊ တိုင်ဖို့ ကလည်း ဘယ်သူ့ဆီ ဘယ်လိုတိုင်ရမယ် ဆိုတာတွေက မလွယ်မှန်း သိလို့လုပ်စားနေတဲ့ အေး ဂျင့်တွေ အခုထိရှိနေ တုန်းပဲ"ဟု ဗြိတိန်နိုင်ငံ ဝီဂန်၌ နေထိုင်သူတစ်ဦးကပြောပြခဲ့သည်။

သတင်းအမှန်တွေရဖို့ ဒီအချက်တွေလိုတယ်......
ပြည်ပနိုင်ငံအသီးသီးရှိ တက္ကသိုလ်များမှ နိုင်ငံရှိအေးဂျင့်များနဲ့ ချိတ်ဆက်ကာ ကျောင်းသားဈေးကွက် ရှာဖွေကြရာတွင် ၄င်းတို့ ပြောဆိုသည့် အချက်များမှာ အလုံးစုံမှန်ကန်မှုရှိ၊ မရှိကို အွန်လိုင်း များမှတဆင့် စုံစမ်းစစ်ဆေးနိုင်ကြခြင်းဖြင့် သတင်းအမှန်ရရှိနိုင်သည် ဟု နိုင်ငံတကာပညာရေး ကျွမ်းကျင် သူအချို့က အကြံပြုပြောဆို ကြသည်။

"အခု နိုင်ငံအတော်များများမှာ တက္ကသိုလ်၊
ကောလိပ်တွေ ကို အရည်အသွေး ထိန်းချုပ်တဲ့အနေနဲ့ စဉ် ဆက်မပြတ် အကဲခတ်
တဲ့စနစ်တွေထားရှိ လာပြီ။ မမှန်ကန်တဲ့တက္ကသိုလ်၊ ကောလိပ်တွေ ဆိုရင် လည်း
ကျောင်းပိတ်တဲ့အထိ အရေးယူတာတွေလုပ်လာခဲ့ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုခေတ်က
အင်တာနက်ကနေတဆင့် လိုတဲ့အချက်အလက်တိုင်းကို ရှာဖွေနိုင်လို့
မသွားခင်သေချာစိစစ်ပြီးမှ သွားတာအကောင်းဆုံးပါ"ဟု ဗြိတိန်နိုင်ငံ ဝီဂန်၌
ရောက်ရှိနေသူ မြန်မာလူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။
နိုင်ငံခြားမှာပညာသင်ဖို့ ကိုယ့်ဘက်ကအဆင်သင့်ဖြစ်ရဲ့လား......
ယခုအခါ ရန်ကုန်ရှိပညာရေး အေဂျင်စီများမှ နယ်မြို့များသို့ တိုက်ရိုက်သွားကာ ပညာရေးပြပွဲများ ပြုလုပ် လာခဲ့ကြသည်။ ယင်း ကြောင့် နယ်မြို့များရှိ ငွေကြေးတတ်နိုင်သည့် မိသားစုများ၌ ပြည်ပသို့ ပညာသင် သွားခြင်းမှာ ဂုဏ်ဒြပ်တစ်ခုအနေဖြင့် အမြင်များပြောင်းလဲလာကြသည်။ မည်သို့ပင်ဖြစ်စေ မိမိတို့သားသမီး များ၏ အရည်အသွေးပိုင်အား ဦးစွာစစ်ဆေးပြီးမှ နိုင်ငံခြား၌ပညာသင် ရန် စေလွှတ် သင့်ကြောင်းကို ဆရာဦးမိုးသူက ပြောပြခဲ့ပါသည်။

"ချမ်းသာတဲ့မိသားစုဝင်တွေဆို ကိုယ့်ကလေးကိုနိုင်ငံခြားပို့ပြီး
ပညာသင်စေချင်ကြ တယ်။ မြန်မာပြည်မှာ
ဆေး တက္ကသိုလ်၊ အင် ဂျင်နီယာလိုင်းတောင် အမှတ်မမီတဲ့ကလေးကို မိဘကပိုက်ဆံချမ်း သာလို့ နိုင်ငံခြား က ဆေးတက္ကသိုလ်ထားမယ်ဆိုရင် မိမိသားသမီးရဲ့ အရည်အချင်းမလိုက်နိုင်တဲ့အခါ နောင်မှာကလေး ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိလာနိုင်တယ်။ ဟိုက ဘာသာရပ်တစ်ခုသင်ဖို့ လိုက်နိုင် အောင် ကလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေးသာမက ဘာသာစကား ကျွမ်းကျင်မှုရှိမှသာ လိုက်နိုင်ပါ လိမ့်မယ်"ဟု သင်္ချာနည်းပြ ဆရာ တစ်ဦးကပြောပြခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ ပြည်ပသို့ ပညာသင်ရန် နိုင်ငံရပ်ခြား တက္ကသိုလ်များသို့
လူငယ်များ ထွက်ခွာခဲ့ကြသည်မှာ ဦးရေသိန်းဂဏန်းမကပင် ရှိခဲ့ကြပြီဖြစ်သည်။
သို့ရာတွင် အများစုမှာ ထိုနိုင်ငံများ၌ အခြေချ နေထိုင်သွားကြ သည်က
ပိုများကြသည်။ ထို့ပြင် ဝါသနာနှင့်မိမိငွေ ကြေးတတ်နိုင်မှု၊ အေးဂျင့်များ
၏ကျောင်းသားရရန် မက် လုံးပေးမဲ ဆွယ်မှုများကြောင့် ပညာရေးလမ်းကြောင်း
လွဲချော်သည့်ဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ကြဖူးသည်က များကြသည်။
ထို့ကြောင့်
အမှန်တကယ် ထူးချွန်ပြီး အရည်အချင်းရှိသူများအနေဖြင့်
နိုင်ငံရပ်ခြားသို့သွားရန် မည်သည့်
အေးဂျင့်နှင့်မျှ ဆက်သွယ်သွားရန်ပင် မလိုအပ်ကြောင်း နိုင်ငံခြားပညာသင်ကဏ္ဍ၌ အတွေ့အကြုံရှိသော ဝါရင့်ဆရာကြီးများက ထောက်ပြပြောဆိုခဲ့ကြသည်။
အေးချမ်းမွန်မှ SHADE JOURNAL တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

0 မှတ်ချက်များ for "လူငယ်များ၏ လက်တွေ့ဘ၀နှင့် လွဲချော်ခဲ့ရ သည့် မြန်မာ့ ပညာရေး"