ပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ရန် ရုရှား ကျောင်းဆရာသမဂ္ဂ လက်မှတ် ၁ သန်း စုစည်းရရှိ
ဥပဒေပြုသူများ၏ ပညာရေးဥပဒေသစ်ကို ပြင် ဆင် ရန်အတွက် ရုရှားကျောင်းဆရာသမဂ္ဂက
အဖွဲ့ဝင် တစ်သန်းကျော်ထံမှ လက်မှတ်များနှင် တယ်လီဂရမ်
လေးသောင်းနီးပါးကို စုစည်းပြီး သမ္မတ၊ လွှတ်တော်
နှင့် ပညာရေးဝန်ကြီးဌာနတို့ထံသို့ ပေး ပို့ခဲ့သည်။
လေးသောင်းနီးပါးကို စုစည်းပြီး သမ္မတ၊ လွှတ်တော်
နှင့် ပညာရေးဝန်ကြီးဌာနတို့ထံသို့ ပေး ပို့ခဲ့သည်။
ဤသို့ပြုလုပ်ရခြင်းမှာ
ကျောင်းဆရာ သမဂ္ဂက ပြင် ဆင်စေလိုသည့် ဥပဒေပါ အချက်အလက်များကို ဥပဒေပြု သူများက
ထည့်သွင်းမစဉ်းစားခဲ့ဘဲ ဥပဒေ ကြမ်းကို ပြုစုခဲ့ခြင်း ကြောင့်ဖြစ်သည်။ ၂၀၁၀
ခုနှစ်ကတည်းက ဆရာသမဂ္ဂနှင့် လူထုအကြား တွေ့ဆုံ ညှိနှိုင်း မှုများကို
ပြုလုပ်ခဲ့ကြသည်။
ပညာရေးဥပဒေကို ပြင်ဆင်ရန် အကြံပြုချက်များ
ရေးဆွဲတင်ပြခဲ့ကြသည်။ သို့သော် ဥပဒေပြုသူများက လျစ်လျူရှုခဲ့ကြကြောင်း ရုရှားပညာရေးသမဂ္ဂ ဥက္ကဌက
ပြောပြခဲ့သည်။
“အာဏာပိုင်တွေဆီက တုံ့ပြန်မှုကို စောင့်နေပါတယ်။”
ကျောင်းဆရာသမဂ္ဂ ESEUR ဥက္ကဌ Galina Merkulova က ရှင်းပြသည်။ “ဥပဒေသစ်ဟာ
သန်းပေါင်းများစွာသော ရုရှားကျောင်းဆရာများရဲ့ဘ၀နဲ့ အလုပ်အကိုင်အပေါ်မှာ
ချက်ချင်း၊ တိုက်ရိုက် သက်ရောက်မှုရှိနေတယ်။ ဒီ ဥပဒေပြုတဲ့ လုပ်ငန်းစဉ် မှာ
ကျောင်းဆရာများရဲ့ အသံနဲ့ အမြင်သဘောထားကို ထည့်သွင်းစဉ်းစားခြင်း
မလုပ်တာကို ခွင့်လွှတ်လို့ မရနိုင်ပါဘူး။”
ပညာရေးဆိုင်ရာ ဥပဒေပြုရာတွင် လူမှုဒိုင်ယာလော့ social dialogue မှာ
အလွန်အမင်း အရေးကြီးကြောင်း ETUCE ဥရောပ ဒါရိုက်တာ Martin Romer က
ပြောကြားခဲ့သည်။ “ရုရှား အစိုးရအနေနဲ့ စားပွဲတွေဆီ ကို ပြန်လာပြီး
ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အတွက် တောင်းဆိုလိုက်ပါတယ်။ ကျောင်းဆရာ
တစ်သန်းကျော်ရဲ့ လက်မှတ်တွေဟာ အထင်းအရှား သက်သေတွေပါ။ ဒီကိစ္စသိပ်ကို
အရေးကြီးတယ်ဆိုတာ ကျောင်း ဆရာများ ထောက်ပြထားတာဖြစ်တယ်။”


0 မှတ်ချက်များ for "ပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ရန် ရုရှား ကျောင်းဆရာသမဂ္ဂ လက်မှတ် ၁ သန်း စုစည်းရရှိ "